19 March 2014

အမေရိက မြို့ခြောက်မြို့ မှာ အငြိမ့်ကသွား ရင်း ခရီးသွား ပရိုဂရမ်၊ ကြော်ငြာတွေပါ ရိုက်ခဲ့မယ့် နေတိုး

အမေရိကန်က မြို့ကြီး ၆ မြို့မှာ “We Love Rose” ခေါင်းစဉ်နဲ့ သွားရောက် ဖျော်ဖြေပေးဖို့အတွက် နှင်းဆီအဖွဲ့သားတွေ အခု မတ်လထဲမှာ ရန်ကုန် ကနေပြီး ထွက် ခွာတော့မှာဖြစ်ပါတယ်။ နေတိုး ကိုအမေရိကန်သွားဖို့ အတွက် ဘာတွေပြင်ဆင် ထားနေပြီလဲလို့ မေးတော့ “တကယ်တမ်း ဆိုရင်တော့ ခရီးက တအားဝေးတယ်။ “ဖန်ဆင်းရှင်” အခွေကို မလောက်မငတော့ ယူသွားတာမျိုး မဖြစ်ချင်တော့ ကြိုတင်ပြီး ပို့ထားတာမျိုး ရှိတယ်။ အခွေ ၈ဝဝ လောက်ကိုတော့ ယူသွားဖို့ လုပ်ထားတယ်။ “ဖန်ဆင်းရှင်” အခွေနဲ့ ပတ်သက်ပြီးတော့ အမေရိကမှာ ရှိတဲ့ ပရိသတ်က ကိုယ်တိုင် လက်မှတ် ထိုးပြီး ဝယ်ချင်တဲ့ ဆန္ဒတွေ ရှိတာကိုလည်း အဆင်ပြေအောင် ကျွန်တော် ကြိုး စားပေးသွားပါမယ်” လို့ ပြောပြပါတယ်။
ဒီတစ်ခေါက် ခရီးစဉ်မှာ လုပ်ဆောင် သွားမယ့် အလုပ်တွေ နဲ့ ပတ်သက်ပြီး နေတိုးက “ကျွန်တော်တို့ အခုသွားမယ့် ခရီးစဉ်မှာ ခရီးသွား ပရိုဂရမ် ရှိပါ တယ်။ ကြော်ငြာလေးတွေ ရှိတယ်။
ပြီးတော့ လေ့လာရေး ရှိတယ်။ အဲဒါတွေက ပရိုဂရမ်ထဲ မှာလည်းပါသွားမယ်။ ဇာတ်လမ်း အနေနဲ့ ကတော့ Snap Shot လေးတွေ ကို ရိုက်သွားဖို များတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အလုပ် က ၃၊ ၄ ခုလောက် ပါသွားတော့ မနိုင်မှာလည်း စိုးရိမ်တယ်။ နောက်ပြီးတော့ ဇာတ်လမ်းတွေ ရိုက်ဖို့ ပြော တာတော့ ရှိတယ်။ ဒါပေမဲ့ ဇာတ်လမ်း ရိုက်ကူးတာ ကျတော့ ခရီးသွားတဲ့ အခါမှာဖြစ်ပေါ် တဲ့ ကဏ္ဍလေးတွေကို  Detail ရနိုင်မှဖြစ်မယ့် အခါကျတော့ ခရီးသွားရင်း လုပ်ဖို့ ဆိုတာ က ခဲယဉ်းတယ်။ အဲဒါကြောင့်မို့လို့ ပရိုဂရမ် အစီအစဉ်တွေကို ဦးစားပေးပြီးတော့ လုပ်မယ်” လို့ နေတိုးက ပြောပြပါတယ်။
အမေရိကန်မှာ ဖျော်ဖြေဖို့ အတွက် ပြက်လုံးတွေကို ဘယ်လိုလုပ်ဖို့ အစီအစဉ်ရှိလဲ လို့မေးတော့ “အဓိကကတော့ ကိုယ်တွေက ရုပ်ရှင် သရုပ်ဆောင် မင်းသား၊ မင်း သမီးတွေဖြစ်ကြတယ်။ ဒါပေမဲ့ လည်းစင်ပေါ်မှာ အနုပညာ ရသမြောက်စွာနဲ့ တင်ဆက်နိုင် ဖို့က  ကျွန်တော်တို့ တာဝန်ဖြစ်တယ်။ အရှင်းဆုံး ပြောရရင်တော့  Over Sea
ကို သွားရောက် ဖျော်ဖြေတဲ့ အခါ သွားပြီးတော့ သီချင်း တစ်ပုဒ်၊ နှစ်ပုဒ် ဆိုပေးရုံ ကိုယ်တွေကို တွေ့ရရုံနဲ့တော့ ကိုယ့်ရဲ့ဖျော်ဖြေမှု ကို တာဝန်ကျေမယ် လို့ ယူဆလို့ မရဘူး။ ဒါကြောင့်မို့လို့ ကိုယ်တွေရဲ့ တင်ဆက်မှုကို တစ်နှစ် ထက်တစ်နှစ် ပိုပြီးတော့ အနုပညာရသ မြောက်စွာ ဖန်တီးချင်တဲ့ စိတ်တွေ နဲ့ အကုန် စုပေါင်းပြီး အမျိုးမျိုး လုပ်ခဲ့ကြတယ်။ အခုခရီးစဉ်ကို We Love Rose လို့ နာမည်ပေး ထားတယ်။ အမေရိကန်မှာ ရှိတဲ့ မြို့ခြောက်မြို့မှာ ဖျော်ဖြေ ပါမယ်”။ “အဓိက အနေနဲ့ ရှေ့ပိုင်း အစီ အစဉ်တွေမှာ သီချင်း ဆိုပြီး ဖျော်ဖြေပေးဖို့ ရှိမယ်။ ပြီးရင် အငြိမ့်ဆိုတော့ ပြက်လုံးတွေကို အဓိက အကောင်းဆုံး ပြက်ပြီး ပရိသတ်ကို ဖျော်ဖြေမှာပါ။ ဒီပွဲက ကျတော့ အမေရိကမှာ ကမ္မဋ္ဌာန်း ကျောင်းဆောက်လုပ်မယ့် ရန်ပုံငွေ ရှာဖွေပွဲ အတွက် ဖိတ်ကြားတာ။ အဲဒီက ရလာမယ့် ငွေတွေကို ဗုဒ္ဓဘာသာ ကျောင်းဆောက် လုပ်မယ့်ဟာမှာ တစ်ခါတည်း လှူဒါန်းပြီးသား ဖြစ်သွားတာပေါ့”လို့ နေတိုးက ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ထက်လူလူ/popularmyanmar

No comments:

Post a Comment