16 March 2014

ရုရှားနဲ့ပူးပေါင်းဖို့ခရိုင်းမီးယား ပြည်သူ အများစု ထောက်ခံ

                                                                         ခရိုင်းမီးယား ပြည်သူ ၉၀ ရာခိုင်နှုန်းကျော်က ရုရှားနဲ့ပူးပေါင်းဖို့ ထောက်ခံခဲ့ကြ (Credit: AFP) 

 ယူကရိန်းနိုင်ငံ ​ခရိုင်းမီးယားဒေသ ​ပိုင်ဆိုင်မှုအရေးနဲ့ ​ပတ်သက်တဲ့ ​အငြင်းပွားစရာ ​ဖြစ်နေတဲ့ ​လူထုဆန္ဒ ​ခံယူပွဲ ​တရပ်ကို ​မနေ့ကပဲ ​ကျင်းပပြီးစီးခဲ့ပါတယ်။

လူထုဆန္ဒခံယူပွဲက ​ရရှိတဲ့ရလဒ်တွေအရ ​ခရိုင်းမီးယား ​ဒေသကို ​ယူကရိန်း ​နိုင်ငံ ​ထဲကနေ ​ခွဲထွက်ပြီး ​ရုရှား ​နိုင်ငံနဲ့ ​ပူးပေါင်းဖို့ ​အများစုက ​မဲပေး ​ထောက်ခံ ​ခဲ့ကြတယ်လို့ ​ရုရှား ​အစိုးရ ​သတင်း ​မီဒီယာ ​တွေက ​ဆိုပါတယ်။

ဆန္ဒခံယူပွဲကို ​ဒေသခံ ​ပြည်သူ ​၁.၅သန်းက ​လာရောက် ​မဲပေးကြပြီး ​အဲဒီထဲက ​၉၀ ​ရာခိုင်နှုန်းကျော် ​က ​ရုရှားနဲ့ ​ပူးပေါင်းဖို့ ​လိုလား ​ကြတာဖြစ်ပါတယ်။


အဆိုပါ ​လူထု ​ဆန္ဒခံယူပွဲမှာ ​မေးခွန်းနှစ်ခု ​မေးထား ​တာဖြစ်ပြီး ​ပထမ ​မေးခွန်း ​ကတော့ ​ခရိုင်းမီးယားကို ​ရှရှားနဲ့ ​ပြန်လည် ​ပေါင်းစည်းဖို့ ​ဆန္ဒ ​ရှိသလား ​ဆိုတဲ့ ​မေးခွန်းနဲ့ ​ဒုတိယ ​မေးခွန်း ​ကတော့ ​၁၉၉၂ ​ခုနှစ် ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​အရ ​ခရိုင်းမီးယားကို ​ယူကရိန်း ​နိုင်ငံမှာပဲ ​ဆက်လက် ​ထားရှိ ​လိုသလား ​ဆိုတဲ့ ​မေးခွန်းတွေ ​ဖြစ်ပါတယ်။

ရုရှား ​အစိုးကို ​ထောက်ခံတဲ့ ​ဒေသခံတွေရဲ့ ​အကူအညီနဲ့ ​ခရိုင်းမီးယား ​ကျွန်းဆွယ် ​ဒေသကို ​ပြီးခဲ့တဲ့ ​လက ​စပြီးတော့ ​ရုရှား ​စစ်တပ် ​တွေက ​၀င်ရောက် ​သိမ်းပိုက် ​ခဲ့တာ ​ဖြစ်ပါတယ်။

ဒါပေမယ့် ​အခု ​ကျင်းပ ​ပြီးစီးခဲ့တဲ့ ​လူထုဆန္ဒခံယူပွဲရဲ့ ​ရလဒ်ကို ​အမေရိကန် ​ပြည်ထောင်စု ​အနေနဲ့ ​တရားဝင် ​အဖြစ် ​လက်ခံမှာ ​မဟုတ်ဘူးလို့ ​အမေရိကန် ​နိုင်ငံခြားရေး ​၀န်ကြီး ​ဂျွန်ကယ်ရီက ​ရုရှား ​အစိုးရကို ​ပြောထားတယ်လို့ ​သိရပါတယ်။

ဒါ့အပြင် ​ခရိုင်းမီးယား ​အရေးနဲ့ ​ပတ်သက်ပြီး ​ရုရှားအနေနဲ့ ​ဒဏ်ခတ် ​ပိတ်ဆို့မှုနဲ့ ​အရေးယူ ​ခံရနိုင် ​တယ်လို့ ​အိမ်ဖြူတော်က ​သတိပေးထားပါတယ်။

ရုရှားနဲ့ ​ကုန်သွယ်ရေး ​အများစုလုပ်နေတဲ့ ​ဘယ်လ်ဂျီယံက ​ရုရှားကို ​ဒဏ်ခတ်ပိတ်ဆို့မှု ​လုပ်ဖို့ ​မလုပ်ဖို့ဆိုတာကို ​ဒီတနင်္ဂလာနေ့မှာ ​ဆုံးဖြတ်ချက်ချမယ်လို့ ​ဆိုပါတယ်။

ABC Radio Australia

No comments:

Post a Comment