12 March 2014

မလှိုင်မြို့တွင် သောက်ရေတွင်း၌ ရေငင်စဉ် ပြုတ်ကျသေဆုံး

မလှိုင်မြို့ အမှတ်(၈)ရပ်ကွက် ရပ်ကွက်ကြီး(၁)ရှိ ထန်းပင်ကောက် ကန်မြောက်ဘက်ရှိ သောက်ရေတွင်း အတွင်း၌ လူတစ်ဦးပြုတ်ကျသေဆုံး နေကြောင်း သတင်းအရ စခန်းမှူး ဒုရဲမှူးအောင်ရွှေ၊ တပ်သားဝင်ဇော်ဦး၊ သက်သေဦးစိုးလွင်၊ ရာအိမ်မှူး ဦးကျော်စန်းတို့နှင့်အတူ မတ် ၉ ရက် ည ၈ နာရီခန့်က သွားရောက်စစ်ဆေးရာ တွင်းအနက်ပေ ၁၀၀ ကျော်ခန့်၊ ရေအနက် နှစ်ပေခန့်ရှိ သောက်ရေတွင်း၌ လူတစ်ဦးပြုတ်ကျ သေဆုံး နေသည်ကို တွေ့ရပြီး မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးအောင်ကျော်လင်း၊ တပ်ကြပ် ငြိမ်းချမ်းထွန်းတို့က ရေတွင်းအတွင်းသို့ ဆင်း၍ဆယ်ယူခဲ့ရာ ည ၉ နာရီ မိနစ် ၂၀ ခန့်တွင် ဆယ်ယူရရှိခဲ့ပြီး သေဆုံးသူမှာ မိုးကျော်သူ(ခ) အငယ်လေး (၃၉) နှစ် ရေရောင်းသူ မြို့ဦးကွက်သစ် ရပ်ကွက်(၂) မလှိုင်မြို့နေသူဖြစ်ကြောင်း၊ သောက်ရေတွင်း အတွင်း၌ ရေငင်စဉ် ပြုတ်ကျပြီး ရေတွင်းနံရံနှင့်ရိုက်မိ၍ (ဝဲ) ဦးခေါင်းအရေပြားပေါက်ပြဲ ပွင့်ထွက် ဒဏ်ရာတစ်ချက်၊ ဝဲပါးပွန်းခြစ်ဒဏ်ရာ၊ ဝဲမေးပွန်းခြစ်ဒဏ်ရာတို့ ရရှိကာ သေဆုံးနေကြောင်းနှင့် ၎င်းသည် အတက်ရောဂါရှိပြီး စိတ်ဝေဒနာရှင် ဖြစ်ကြောင်းသိရသဖြင့် မလှိုင်မြို့မရဲစခန်းက အမှုဖွင့်စုံစမ်းလျက် ရှိကြောင်းသိရသည်။

MOI Webportal Myanmar

No comments:

Post a Comment