မိသားစု တွင်း ပြဿနာ ကြောင့် အသက် ခြောက်နှစ်
အရွယ် တူဖြစ် သူရဲ့နားရွက်ကို အ ဒေါ်ဖြစ်သူက ဖြတ်ပစ် ခဲ့တဲ့ ဖြစ်ရပ် တရုတ်
နိုင်ငံမှာ ဖြစ်ပွား ခဲ့ကြောင်း သိရ ပါတယ်။ ယောက်ျား
ဖြစ်သူရဲ့ အစ်ကို ဘက် က သား ကို အဒေါ်ဖြစ် သူက စိတ်ဆိုး ဒေါသ ထွက်ပြီး
နားရွက်ဖြတ် ပစ်ခဲ့ခြင်း ဖြစ် ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ် နိုင်ငံ Hubei
ဒေသမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၀မ်းယူဖန်ရဲ့ အဒေါ်ဟာ နားရွက်ကို ဖြတ်ပြီး
လွှင့်ပစ် မှုပြု လုပ်ခဲ့ တယ် လို့ သိရပါတယ်။ ပတ် ၀န်းကျင်က လူတွေဟာ ကလေး
ငိုသံကြားပြီး တဲ့နောက် ဒီဖြစ်ရပ်ကို သိရှိခဲ့ရတာ ဖြစ်ပြီး ရဲ စခန်းကို
ချက်ချင်းဖုန်းဆက်တိုင်ကြားခဲ့ပါ တယ်။ ဒီနောက် ဖြတ်ခံရတဲ့ ညာဘက်နား ရွက်ကို
ဆေးရုံး ကို ပြန်လည်ယူဆောင်ပြီး အောင်မြင်စွာ ပြန်ဆက် နိုင်ခဲ့တယ် လို့
သိရပါ တယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက လည်း Shanxi ဒေသမှာ
အသက်ခြောက်နှစ်အရွယ်ကောင်လေး ရဲ့ မျက်လုံးကို အဒေါ်ဖြစ်သူက ဖောက်ထုတ် ခဲ့တဲ့
ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
The Messenger
No comments:
Post a Comment