မောင်တော၊ မတ် ၁၄- မြန်မာ- ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနိုင်ငံနယ်စပ် များ တွင်
ဆောင်ရွက်နေသည့် နယ်စပ် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများနှင့် အတူ
နယ်စပ်တစ်လျှောက် လုံခြုံရေး စခန်း ၃၅ခုကိုလည်း တည်ဆောက်နေ ကြောင်း
သက်ဆိုင် ရာမှ သိရသည်။
အဆိုပါနယ်စပ်လုံခြုံရေးကင်း စခန်းများကို ချောင်းဝင်ပေါက် တစ် နေရာတွင်
တစ်ခုစီ တည်ဆောက် ထား ခြင်းဖြစ်ပြီး ချောင်း ၀င်ပေါက်မရှိသော် လည်း
လူဝင်/လူထွက်များသည့် နေရာ များတွင်လည်း တည်ဆောက်ထား ကြောင်း သိရသည်။
““ပထမအဆင့်မှာ လုံခြုံရေးစခန်း ၂၅ခု၊ ဒုတိယအဆင့်မှာ ၁၀ခု တည် ဆောက်
ထားပါတယ်။ မောင်တော မြို့နယ် Boundary Point ၅၄ အထိ တည်ဆောက်ထားပါတယ်။
မိုင်တိုင် အမှတ် ၅၀အနီး မှာဆိုရင် လူဝင်/လူ ထွက် အများဆုံးပြုလုပ်တဲ့အတွက်
လုံခြုံရေး စခန်းတစ်ခုကို တည်ဆောက် နေပါတယ်””ဟု တာဝန်ရှိသူတစ်ဦး က ပြော
သည်။
နယ်စပ်ချောင်းပေါက်များနှင့် လူဝင်/လူထွက်များသည့်နေရာများ တွင်
တည်ဆောက်ထားသည့် လုံခြုံ ရေးစခန်းများ ၌ မျှော်စင်တစ်ခုလည်း ပါဝင်ပြီး
မျှော်စင်ပေါ်မှ အဝေးသို့ လှမ်းကြည့်နိုင်သည့် သင်္ဘောစလစ်
မီးလုံးကြီးနှစ်လုံးလည်း တည်ဆောက် ထားကြောင်း သိရသည်။
အဆိုပါလုံခြုံရေးစခန်းများတွင် လုံခြုံရေးဝန်ထမ်းများအဖြစ် ရဲတပ်ရင်း
လုံခြုံရေးဝန်ထမ်းများနှင့် နိုင်ငံခြား သားများ တရားမ၀င် ၀င်ရောက်ခြင်း မှ
ကာကွယ်တားဆီးရေးအဖွဲ့(မကဖ) ၀န်ထမ်းများက တာဝန်ယူဆောင် ရွက်နေကြောင်း
သိရသည်။
NT [--Democracy today Daily Newspaper--]
Myanmar News Network
No comments:
Post a Comment