၁၄.၃.၂၀၁၄ရက်နေ့၁၇၀၀အချိန် လှည်းကူးမြို့နယ်၊ငါးဆူတောင်ကျေးရွာ
အ၀င်ကားလမ်းဘေး ငမိုးရိပ်ချောင်းတံတားထိပ်တွင် ယာဉ်မောင်း ဦးရဲနိုင်
မောင်းနှင်သည့် 3B---UD(၁၀)ဘီးယာဉ်ပေါ်မှ ကျောက်မီးသွေးများကို
အလုပ်သမားများဖြစ်ကြသောဒဂုံမြို့သစ်(အရှေ့ပိုင်း)မြိုကနယ်နေနိုင်မင်း၊
မျိုးမြင့်တို့မှ ယာဉ်မောင်းနေလင်းထွန်း မောင်းနှင်သည့် 2G--- Faw
အမျိုးအစား ယာဉ်ပေါ်သို့ ပြောင်းကာ တင်ဆောင်ခဲ့ပြီး နာရီဝက်ခန်အကြာတွင် အလုပ်သမား နိုင်မင်းမှာ အပေါ့သွားမည်ဟုပြောကာ ယာဉ်ပေါ်မှ ဆင်းသွားခဲ့ပြီး2G---့ယာဉ်၏နောက်ဘက်(၁၀)ပေခန့်အကွာ၌သွားရောက်အိပ်ပျော်နေသည်ကို ယာဉ်မောင်း ဖြစ်သူ နေလင်းထွန်းမှ မသိသဖြင့်ယာဉ်ကိုနောက်ဆုတ်မောင်းနှင်စဉ် အိပ်ပျော်နေသည့်
နိုင်မင်းအား နောက်ယာဘက်ဘီးဖြင့် ကြိတ်မိခဲ့၍ နိုင်မင်းမှာဦးခေါင်းပြား၊ ၀ဲလက်ကျိုးဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်မောင်းနေလင်းထွန်း(ဘ)ဦးအုန်းမောင်၊
လှည်းကူးမြို့နယ်အား ငါးဆူတောင်နယ်မြေရဲစခန်းယာဉ်(ပ)၁/၂၀၁၄၊
ပုဒ်မ ၃၀၄-ကဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment