04 March 2014

မန္တလေးမြို့မှာ ကွင်းလုံးပြည့်လျှံ အောင်ပွဲခံခဲ့ တဲ့ ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ရန်ပုံ ငွေပွဲ

 ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ပွဲကိုတော့ ဖေဖော်ဝါရီ ၂၈ရက်နေ့၊ ည၇နာရီ က မန္တလေးမြို့ရှိ ဒိုင်းမွန်းပလာ ဇာဝင်း အတွင်းမှာ ကျင်းပခဲ့ပါ တယ်။ ပြေတီဦး ပရိသတ်တွေ ကတော့ ပွဲမစ မီကတည်း က ဝင်းလုံးပြည့်ရောက် ရှိနေရာ ယူထားကြပါတယ်။ ပွဲက ဘယ်လောက်ထိ စည်ကားလဲ ဆိုတာ  ဆိုင်ကယ်တွေ ရပ်စရာနေ ရာတောင် မရဖြစ်ခဲ့တာပါ။ အင်ပါယာ အဖွဲ့နဲ့ အတူ ဇော်ဝင်းထွဋ်၊ ရန်အောင်၊ ရာဇာနေဝင်း ၊Rဇာနည်၊ Waiလျှံ ၊ဟေမာနေဝင်း၊ အိန္ဒြာကျာ်ဇင် ၊ဖြူဖြူကျော် သိန်း၊ စန္ဒီမြင့်လွင်၊ ဝိုင်းစုခိုင်သိန်း တို့ ကဖျော်ဖြေခဲ့ ကြပါတယ် ။ထူးခြားချက် အနေနဲ့ ရန်အောင် ဆိုတဲ့အချိန်မှာ တော့ မန္တလေးက မမတွေက အနမ်း တွေနဲ့ ဂုဏ်ပြုကြ ပါတယ်။ အိန္ဒြာကျော်ဇင် ဖျော်ဖြေတဲ့အခါ မှာတော့ လက်ဆောင်တွေ တောင် လိုပုံအောင်ရ ရှိခဲ့တာပါ။ ရာဇာနေဝင်း စင်ပေါ် တက်လာတဲ့ အချိန် မှာတော့ ပရိသတ် တွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်ပြီးပွဲကျခဲ့ ကြပါတယ်။
အစီအစဉ်ထဲမှာ ကြိုမ ကြေညာထားတဲ့ ဧည့်သည် ဖျော်ဖြေသူ တစ်ဦးကတော့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ သမီးပြေသုဒြာ ရဲ့ ဖျော်ဖြေမှုဖြစ်ပြီး သီချင်းနှစ်ပုဒ်ကို လူကြီး အတိုင်းပဲ သီဆိုပြီး ပရိသတ်တွေကို စကားပြန်ပြောတာတွေ က ပွဲရဲ့အရှိန် ကိုတက်စေခဲ့ပါတယ်။ ဟားငါး ကောင် ရဲ့ဖျော်ဖြေမှု၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ဒါရိုက်တာကျော် ဇောလင်း (အတွေးပုံရိပ်) တို့တင်ဆက် တဲ့ “ပဒိုင်းသီး Wedding “ဟာသ ပြ ဇာတ်တွေ ကိုလည်း ပရိသတ် တွေနှစ်ခြိုက် သဘောကျ အားပေးခဲ့ကြပါတယ်။ မတ်လ ၁ ရက်နေ့ မှာတော့ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း အတွက် အ လှူငွေထည့် ချင်သူတွေ ဆီကို ပြေတီဦး က အိမ်တိုင်ရာရောက် သွားရောက် အလှူငွေကောက်ခံပါတယ်။

နေကွန်းထင်/popularmyanmar

No comments:

Post a Comment