06 March 2014

မယားကြီးက မယားငယ်ကို အက်ဆစ်ခွက်ဖြင့် ပစ်ပေါက်

ရန်ကုန် မဇ္ဈိမ။           ။ ဒဂုံတောင်မြို့နယ်တွင် မယားကြီးဖြစ်သူက မယားငယ်ဖြစ်သူကိ အက်ဆစ်ခွက်ဖြင့် ပစ်ပေါက်ခဲ့သ ဖြင့် အရေးယူပေးရန် တိုင်ကြားမှုတစ်ခုကို မြို့နယ်ရဲစခန်းက မတ်လ ၅ တွင် အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ အမှုကို အက်ဆစ်ခွက်ဖြင့် ပြစ်ပေါက်ခံရသည့် မယားငယ်ဖြစ်သူ၏ ဖခင်က ဦးသိန်းလွင် (၅၂)နှစ်က အမှုဖွင့် တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
မတ်လ ၁ရက် မွန်းလွဲ ၁ နာရီက (၁၈)ရပ်ကွက်၊ ကော့သောင်းလမ်း၊ သမီးဖြစ်သူ မဇင်မျိုးနွယ် (၂၅)နှစ်သည် ၄င်း၏ ခင်ပွန်း လှမျိုး(ခ)ကုလားပြာ (၃၈)နှစ်နှင့်အတူ ရှိနေစဉ် လှမျိုး၏ မယားကြီး ရောက်ရှိလာပြီး စကားများခဲ့ကြသည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့နောက် မယားကြီးဖြစ်သူ မသင်းသင်းမာက အနီးရှိ ဘတ္ထရီလဲထားသည့် အက်ဆစ်ခွက်ဖြင့် ပစ်ပေါက်သဖြင့် မဇင်မျိုးနွယ်၏ မျက်လုံးများအား အက်ဆစ်ရည်များ ထိမှန်ခဲ့သည်။

ထို့ကောင့် မျက်လုံးနီရဲဒဏ်ရာ ရရှိပြီး သင်္ဃန်းကျွန်းဆေးရုံတွင် ပြင်ပလူနာ (မစိုးရိမ်ရ)ဖြင့် ဆေးကုသခဲ့ရသည်ဟု တရားလိုက ဆိုသည်။
ထို့ကြောင့် အက်ဆစ်ခွက်ဖြင့် ပစ်ပေါက်သူ မသင်းသင်းမာ ကိုအရေးယူပေးရန် တိုင်တန်းသဖြင့် ရဲစခန်းက (ပ)၁၈၇/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အရေးယူရန် လုပ်ဆောင်လျက်ရှိသည်။

Written by  ဇော်ဇော်ထွေး  /mizzimaburmese

No comments:

Post a Comment