20 March 2014

ပုဂံတွင် ဥရောပစုံတွဲ မြန်မာ့ရိုးရာဓလေ့ထုံးစံနည်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပ

                                      Photo: ပုဂံတွင် ဥရောပစုံတွဲ မြန်မာ့ရိုးရာဓလေ့ထုံးစံနည်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပ
Friday, March 21, 2014 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဥရောပလူမျိုး လူငယ်စုံတွဲတစ်တွဲ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာအခမ်းအနားတစ်ရပ်ကို မတ် ၂၀ ရက် နံနက် ၉ နာရီက ပုဂံ မြို့ဟောင်း၊ မြစည်းခုံဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံသား အသက် (၂၉)နှစ်အရွယ် Mr.Alexandre Marcel MONNEY  နှင့် ပြင်သစ်နိုင်ငံသူ အသက် (၂၃)နှစ်ရှိ Ms. Florence Marie Eugenia THELLIER  တို့သည် မင်္ဂလာဧည့်ခံပွဲအား ပုဂံမြို့ဟောင်း၊ ၀က်ကြီးအင်းရပ်ရှိ မြစည်းခုံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ပြီး၊ မင်္ဂလာပွဲ တက်ရောက်လာသူများအား ရိုးရာဓလေ့ မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း၊ ထို့နောက် မြစည်းခုံကျောင်းမှ ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။    “သူတို့ သူများနိုင်ငံမှာ သူများရဲ့ရိုးရာဓလေ့နဲ့ မင်္ဂလာဆောင်ရတာ အမှတ်တရဖြစ်တဲ့အကြောင်း၊ ခုလိုပြုလုပ်တာကို မိဘတွေ မသိသေးတဲ့အတွက် အိမ်ရောက်မှ ဓာတ်ပုံမှတ်တမ်းတွေပြပြီး အံ့သြအောင်လုပ်မယ်လို့ ပြောပါတယ်”ဟု ဧည့်လမ်းညွှန် ကိုစိုင်းဝဏ္ဏက ဆိုသည်။

နိုင်ငံခြားသားခရီးသွားများ ပုဂံတွင် မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဆောင်သည်မျိုး လေးကြိမ်မျှ ဆောင်ရွက်ပေးခဲ့ဖူးကြောင်း ခရီးသွားလုပ်ငန်းစီစဉ်သူ တစ်ဦးက ပြောကြားသည်။

Eleven Media Group

ပုဂံမြို့ဟောင်း မြစည်းခုံဘုန်းတော်ကြီးကျောင်းဝင်းတွင် ဥရောပစုံတွဲ မြနမာ့ ရိုးရာဓလေ့ထုံးစမ်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပနေစဉ်
                      ပုဂံမြို့ဟောင်း မြစည်းခုံဘုန်းတော်ကြီးကျောင်းဝင်းတွင် ဥရောပစုံတွဲ မြန်မာ့ ရိုးရာဓလေ့ထုံးစမ်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပနေစဉ် 
 
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဥရောပလူမျိုး လူငယ်စုံတွဲတစ်တွဲ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာအခမ်းအနားတစ်ရပ်ကို မတ် ၂၀ ရက် နံနက် ၉ နာရီက ပုဂံ မြို့ဟောင်း၊ မြစည်းခုံ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံသား အသက် (၂၉)နှစ်အရွယ် Mr.Alexandre Marcel MONNEY  နှင့် ပြင်သစ်နိုင်ငံသူ အသက် (၂၃)နှစ်ရှိ Ms. Florence Marie Eugenia THELLIER  တို့သည် မင်္ဂလာဧည့်ခံပွဲအား ပုဂံမြို့ဟောင်း၊ ၀က်ကြီးအင်းရပ်ရှိ မြစည်းခုံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ပြီး၊ မင်္ဂလာပွဲ တက်ရောက်လာသူများအား ရိုးရာဓလေ့ မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း၊ ထို့နောက် မြစည်းခုံကျောင်းမှ ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။    “သူတို့ သူများနိုင်ငံမှာ သူများရဲ့ရိုးရာဓလေ့နဲ့ မင်္ဂလာဆောင်ရတာ အမှတ် တရဖြစ်တဲ့ အကြောင်း၊ ခုလိုပြုလုပ်တာကို မိဘတွေ မသိသေးတဲ့အတွက် အိမ်ရောက်မှ ဓာတ် ပုံ မှတ်တမ်းတွေပြပြီး အံ့သြအောင်လုပ်မယ်လို့ ပြောပါတယ်”ဟု ဧည့်လမ်းညွှန် ကိုစိုင်းဝဏ္ဏ က ဆိုသည်။
နိုင်ငံခြားသားခရီးသွားများ ပုဂံတွင် မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဆောင်သည်မျိုး လေးကြိမ်မျှ ဆောင်ရွက်ပေးခဲ့ဖူးကြောင်း ခရီးသွားလုပ်ငန်းစီစဉ်သူ တစ်ဦးက ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment