18 March 2014

ဘင်္ဂလီ၂ ဦးကို ခြောက်လုံးပူးတစ်လက်၊ ၎င်းကျည် ၁၁တောင့်နှင့် အတူ မောင်တောတွင်ဖမ်းမိ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်၊ အလယ်သံကျော်တွင် ဘင်္ဂလီ နှစ်ဦးကို အမေရိကန်လုပ် ခြောက်လုံးပူး တစ်လက်၊ ၎င်းကျည် ၁၁ တောင့်၊ ဓါးရှည် ခုနှစ်လက်၊ လေးဂွများနှင့် အတူ ဖမ်းမိကြောင်း ယနေ့ထုတ် Daily Eleven တွင် ဖေါ်ပြသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီက မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်၊ ကညင်တန်း ကျေးရွာ အုပ်စု၊ နှခေါင်းတို ကျေးရွာ အနီးရှိ နတ်မြစ်ထဲသို့ စီးဝင်သည့် ချောင်းအတွင်းမှ ရပ်နားထားသော စက်လှေအား မသင်္ကာသဖြင့် တက်ရောက်စစ်ဆေးစဉ် ၎င်းလက်နက်ခဲယမ်းမီးကျောက်များအား ဘင်္ဂလီ တစ်ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။


စက်လှေပေါ်မှ အခြား ဘင်္ဂလီ ၅ ဦးမှာ ထွက်ပြေး လွှတ်မြောက်သွားကြောင်း သတင်းတွင် ဖေါ်ပြသည်။

နောက်ထပ် သင်္ကာမကင်းသူ ဘင်္ဂလီ တစ်ဦးကိုလည်း ထပ်မံ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

မောင်တောမြို့မ ရဲစခန်းမှ (ပ) ၅၂/ ၂၀၁၄ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

Narinjara

No comments:

Post a Comment