19 March 2014

ဒီနှစ်သင်္ကြန်မှာ သူငယ်ချင်းတွေနဲ့ မဏ္ဍပ်ထိုင်မယ်လို့ဆိုတဲ့ နန်းစန္ဒီလှထွန်း

ပြိုင်ပွဲတွေကတစ်ဆင့် အနုပညာလောကထဲကို ဖြေးဖြေးနဲ့မှန်မှန်ဝင်ရောက်လာသူလေးကတော့ နန်းစန္ဒီလှထွန်းပဲဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ဖြစ်နေတယ်လို့ သိရတာကြောင့် သူမနဲ့ တွေ့ဆုံခိုက် သင်္ကြန်နဲ့ ပတ်သတ်တဲ့ခံစားမှုတွေကို မေးမြန်းဖြစ်တဲ့အခါ ‘ခုဆို သင်္ကြန်နဲ့ ပတ်သတ်တဲ့ ဓာတ်ပုံတွေရိုက်ဖြစ်တာများတယ်။ မြန်မာဝတ်စုံတွေနဲ့ရော၊ သင်္ကြန်လည်တဲ့ ပုံတွေအနေနဲ့ရော၊ အစုံပဲရိုက်ဖြစ်တယ်။ ဒီနှစ်သင်္ကြန်မှာ ဘာမှ ထွေထွေထူးထူး မရှိသေးဘူး။ သူငယ်ချင်းတွေနဲ့မဏ္ဍပ်ထိုင်ဖို့ရှိတယ်။ မထိုင်ဖြစ်ရင်တော့ တောင်ကြီးပြန်ပြီး အမေတို့နဲ့နေမလားလို့စဉ်းစားနေတယ်။ သင်္ကြန်မရောက်ခင်အချိန်မှာ သင်္ကြန်နဲ့ပတ်သတ်ပြီး ဓာတ်ပုံတွေရိုက်ရတာ အရမ်းပျော်ဖို့ကောင်းပါတယ်။ တကယ့် သင်္ကြန်အတိုင်းပဲ ခံစားရတယ။် သင်္ကြန်ကို တကယ်ရောက်သွားသလိုပါပဲ။ ငယ်ငယ်တုန်းကတော့ မေမေက အပြင်မလွှတ်တော့ အိမ်မှာပဲ။ ကိုယ့်ဟာကိုယ် နေတယ်။ သင်္ကြန်ဆို မိသားစုနဲ့ပဲ ဖြတ်သန်းဖြစ်တာများတယ်။ ခုကြီးလာမှသာ အနုပညာအလုပ်လုပ်ရင်း သူငယ်ချင်းတွေနဲ့ မဏ္ဍပ်ထိုင်တာတို့ ဘာတို့ရှိတာ။ သင်္ကြန်မှာ အပြင်သွားရင် မျက်မှန်တို့ဦးထုပ်တို့ နေရောင်ဒဏ် ခံနိုင်တဲ့ ကရင်မ်တစ်မျိုးမျိုးကို လိမ်းသင့်တယ်။ သင်္ကြန်ဖက်ရှင်အနေနဲ့ကတော့တစ်နှစ်နဲ့တစ်နှစ်မတူတော့ ဒီနှစ်မှာတော့ ကာလာစုံလေးတွေပဲ ခေတ်စားမလားမသိဘူး။ ဖက်ရှင်ကို တချို့ကလဲ အတိုလေးတွေ ၀တ်ကြတယ်။ တချို့က အရှည်တွေဝတ်ကြတယ်။ ကိုယ်ကြိုက်တဲ့ ဖက်ရှင်ကိုယ့်ဟာကိုယ် စိတ်ကြိုက်ဝတ်လို့ရတယ်ပေါ့။ သင်္ကြန်မှာက အသားအရေပျက်စီးတတ်တော့ အသားအရေကို အပူဒဏ်ခံနိုင်တဲ့ဟာ တစ်မျိုးမျိုးလိမ်းပြီးမှ လျှောက်လည်ကြပါ’လို့ သူမက ပြောချင်ပါတယ်။

ခင်ဆွေသက်/ Trend Myanmar

No comments:

Post a Comment