11 March 2014

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေမယ့် ရွှေမှုံရတီ ရဲ့ အိမ်သစ်တက် အလှူမင်္ဂလာ

                                   

ရွှေမှုံရတီက အိမ်သစ်တက် အလှူ အဖြစ် မတ်လ ၇ရက်နေ့ မနက်၁ဝ နာရီက အိမ်သစ် တည်ရှိရာ သာကေတ မြို့နယ် ရတနာပုံ ၇ လမ်းထိပ်ခြံ အမှတ် 10(A) မှာ ပြု လုပ်ခဲ့ ပါတယ်။ ဇွဲဇုံကျောင်း ဆရာတော်နဲ့ သံဃာတော်၂၁ပါးကို နေ့ဆွမ်း နဲ့ လှူဖွယ် ပစ္စည်းများ လှူဒါန်းခဲ့ပါတယ်။
“ဒီနေ့က အိမ်သစ်တက် အလှူလေး လုပ်ဖြစ်တာပါ။ တအားပွဲ အကြီးကြီး လုပ်တာ မဟုတ်တော့ မဖိတ်မိတဲ့ သူတွေလည်း ရှိတယ်။ အချိန် ကလည်း ကန့်လန့် ကြီးဖြစ်နေတော့ ဖိတ် ရမှာလည်း အားနာလို့ပါ။ ဘုရားအနေကဇာ တင်ရင်း နဲ့ အိမ်သစ်တက် အလှူပေါ့”လို့ ပြောပြပါတယ်။
 ရွှေမှုံရတီ က ဖေဖော်ဝါရီ ၂၈ ရက်နေ့ည က အမျိုးသား ကဇာတ်ရုံ မှာ ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေ ပွဲမှာ သီချင်းဆို ဖျော်ဖြေခဲ့ပြီး အပြန်မှာ နှလုံးရောဂါ အမောဖောက် လာ တာကြောင့် SSC ဆေးရုံကို တက် ရောက် ကုသခဲ့ရတယ် လို့ သိရပါတယ်။ ဆယ်တန်း စာမေးပွဲ အတွက်လည်း စာတွေဘက် ကို အား စိုက်လုပ်ရင်း ဇာတ်ကား ရိုက်ကူး မှု ကို တစ်လ နားခဲ့တယ်လို့ ပြောပြတာကြောင့်
“နဂိုကတည်းက နှလုံးရောဂါ အခံ လည်းရှိတယ်။ အမောဖောက်ပြီး ဆေးရုံကို ၄ ရက်လောက်တက် လိုက်ရ တယ်။ အခု လောလောဆယ်တော့ နည်းနည်း သက်သာနေပါပြီ။ စာမေးပွဲကလည်း ဖြေရတော့မယ် ဆိုတော့ နေမကောင်းဖြစ် နေတာတောင် စာကျက် ဖြစ်ပါတယ်။ အကောင်းဆုံး ဖြစ်အောင်တော့ စာမေးပွဲ ကို ဖြေမှာပါ။ နေမကောင်းဖြစ်တာက ကောင်းသွားပြီ ဆိုတော့ စိုးရိမ်စရာ လည်း မရှိတော့ပါဘူး”လို့ ပြောပြပါတယ်။
မေမွန်မောင်၊
ဓာတ်ပုံ – အောင်ဇော်မင်း/popularmyanmar

No comments:

Post a Comment