မန်မာနိုင်ငံအတွင်းသို့
တရားမဝင် ဟန်းဆက် ဝင်ရောက်မှု များပြားနေခြင်းကြောင့် အခွန်စိစစ်ကြပ်မတ်ရေး
ဘုတ်အဖွဲ့နှင့် မိုဘိုင်းလ် ကုမ္ပဏီကြီးများ ပူးပေါင်း၍ ဟန်းဆက်
ဝင်ရောက်နေသည့် လမ်းကြောင်း များကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း
အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။
အဆိုပါ တရားမဝင် ဟန်းဆက် တင်သွင်းသည့် လမ်းကြောင်းများကို ဖော်ထုတ်နိုင်ရန်
ပြည်ပမှ ဟန်းဆက်များ တရားဝင် တင်သွင်းခွင့် ရထားသော ပြည်တွင်း
မိုဘိုင်းလ်ကုမ္ပဏီကြီး ၁၀ ခုကို အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က မတ်လ ၃၁
ရက်နေ့ (ယနေ့) တွင် ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည်
ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
“ဒီလိုလုပ်တာ တရားမဝင် ဟန်းဆက်တွေ များနေလို့ပါ။ အခွန်ပေးပြီး လုပ်နေတဲ့
လူတွေက နည်းနေလို့ပါ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း
အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
ယင်းသို့ တွေ့ဆုံရာတွင် တရားဝင် တင်သွင်းခွင့် ရရှိထားသည့် HTC ဟန်းဆက်၏
မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ် KMD ကုမ္ပဏီနှင့် Huawei ဟန်းဆက်
ကိုယ်စားလှယ်များလည်း ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။
ယင်းသို့ တွေ့ဆုံမည့် အစီအစဉ်ကို ကြိုတင် ဖိတ်ကြားထားခြင်း မရှိ၍ ၎င်းအနေနှင့်
မသိရှိသေးကြောင်း အဆိုပါ အစည်းအဝေး ပြုလုပ်မည် ဆိုပါက KMD ကုမ္ပဏီအနေဖြင့်
တက်ရောက်သွားမည် ဖြစ်ကြောင်း KMD ကုမ္ပဏီဈေးကွက် မန်နေဂျာ ဦးဇာနည်ဟိန်းက
The Voice သို့ ပြောကြားသည်။
ပြည်တွင်း၌ ရောက်ရှိ သုံးစွဲနေသော မိုဘိုင်းလ် ဟန်းဆက်များ၏ ၉၉
ရာခိုင်နှုန်းခန့်သည် တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်ထားသော
ဟန်းဆက်များ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာနထံမှ
သိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်းကလည်း
ပြည်တွင်းဈေးကွက်များ အတွင်းသို့ သန်းနှင့်ချီသော တယ်လီဖုန်း ဟန်းဆက်များ
မှောင်ခို ဝင်ရောက်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများ၌ ဖော်ပြခဲ့ကြသည်။
The Voice Weekly
No comments:
Post a Comment