17 March 2014

ရေယာဉ်ပေါ်မှ ခရီးသည်တစ်ဦး ပြုတ်ကျ ပျောက်ဆုံးနေ

မုံရွာမြို့အနီး ချင်းတွင်းမြစ်အတွင်း၌ ယခုလ ၁၅ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်က မုံရွာမှ ဟုမ္မလင်းသို့သွား သည့် ခရီးသည်တင် ရေယာဉ်ပေါ်မှ လူတစ်ဦးပြုတ်ကျပြီး ပျောက်ဆုံးသွားသည်ဟု မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင်းက မတ်လ ၁၅ ရက်တွင် ပြောသည်။
နံနက် ၄ နာရီအချိန်က ရုံးကြီးရပ်ကွက်၊ ရွှေနဒီရေယာဉ်ဆိပ်ကမ်းမှ ဟုမ္မလင်းသို့ မောင်းနှင်လာသည့် ဇေယျာဝင်း ခရီးသည်တင် အမြန်ရေယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည် ကိုပစ်ရှေ့(ခ) မိုးစက်ပစ် ရှေ့ ဆိုသူသည် ရေယာဉ်၏ နောက်ပိုင်းရှိ သန့်စင်ခန်းသို့ သွားရောက်ခဲ့ရာတွင် ရေယာဉ်ပေါ်မှ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပြုတ်ကျသည့်နေရာတွင် ရေငုတ်ကျွမ်းကျင် ကယ်ဆယ်ရေးသမားများ နှင့် ၎င်း၏ ဆွေမျိုးများက ၀ိုင်းဝန်းရှာဖွေမှုများ ပြုလုပ်နေသော်လည်း ယင်းနေ့မွန်းလွဲ ၁ နာရီ အချိန်ထိတိုင်အောင် ရှာဖွေနိုင်ခြင်း မရှိ သေးဟု ရေယာဉ်ကြီးကြပ်ရေးအဖွဲ့က ဆိုသည်။
အဆိုပါ ရေယာဉ်ပေါ်မှ ခရီးသည်တစ်ဦး ပြုတ်ကျပျောက်ဆုံးနေသည့်အတွက် မုံရွာမြို့မရဲစခန်းက (ပ) ၈၁/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၂၈၀ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

Written by  ကိုတိုးကြီး  /mizzimaburmese

No comments:

Post a Comment