ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်နဲ့ပတ်သက်ပြီး အချိန်ကြာလာလေ ပိုပြီး ဆန်းကြယ်မှုတွေ မြင့်မား လာနေပါတယ်။
ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ်မှာ ဥရောပ နိုင်ငံသား ၂ ဦးရဲ့ ခိုးယူခံခဲ့ရတဲ့
ပတ့်စ်ပို့တွေကို အသုံးပြု ထား တဲ့ ခရီးသည် ၂ ဦး ပါတယ်ဆိုတဲ့
ကနဦးသတင်းတွေနဲ့ အတူ သူတို့ဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ လည်း မလေးရှား
ကွာလာလမ် ပူလေဆိပ်က စီစီ တီဗွီတွေ ကြည့်ပြီး စိစစ်နေတယ်လို့ မလေးအစိုးရ
တာဝန်ရှိသူ တွေက ပြောပါတယ်။
မလေးရှား ပို့ဆောင်ရေးဝန်ကြီး ဟီရှာမဒ်ဒင် ဟူစိန်က လေယာဉ်ပေါ် ပါသွားတဲ့
ခရီးသည်တွေထဲက ၄ ဦး ကို ဘယ်သူတွေ ဖြစ်တယ်ဆိုတာ သိရှိဖို့ စိစစ်မှုတွေ
လုပ်နေပြီး ပျောက်ဆုံး လေယာဉ်ကိစ္စ နိုင်ငံတကာ အကြမ်းဖက်တိုက် ဖျက်ရေး
အဖွဲ့တွေ အပါအဝင် အမေရိကန် FBI နဲ့ အခြား နိုင်ငံတကာ ထောက်လှမ်းရေး
အဖွဲ့တွေ၊ ကျွမ်းကျင် ပညာရှင် အဖွဲ့တွေနဲ့ ပူး ပေါင်း လက်တွဲပြီး
အစွမ်းကုန် ကြိုးစားနေတယ် လို့ မတ်လ ၉ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ
ပြောသွားပါတယ်။
သြစတြီးယားနဲ့ အီတလီ အစိုးရ တာဝန်ရှိသူတွေကတော့ ပျောက်ဆုံး လေယာဉ်မှာ
ပါသွားတဲ့ ခရီးသည်ထဲ ပါသူတွေထဲမှာ သူတို့ နိုင်ငံသား ၂ ဦးဟာ သူတို့ရဲ့
ပတ့်စ်ပို့တွေဟာ ထိုင်းနိုင်ငံမှာ ခိုးယူခံခဲ့ရတာဖြစ်ပြီး အဲဒီ လေယာဉ်ပေါ်
ပါသွားမှု မရှိပဲ ကျန်းမာစွာ ရှိနေတယ်လို့ အတည်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။
ဘီဘီစီ သတင်းတခုမှာတော့ ကွာလာလမ်ပူကနေ ပီကင်းအသွား ပျောက်ဆုံးနေဆဲ
လေယာဉ်ပေါ်က အဲဒီ ခိုးယူပတ့်စ်ပို့ ကိုင် ဆောင်ထားသူ ၂ ဦးဟာ ပီကင်းကနေ
ဥရောပကိုလည်း လေယာဉ်လက်မှတ်တွေကို တချိန်တည်း ဝယ်ယူထားတဲ့ အထောက်
အထားတွေ့တယ်လို့ ရေးသားထားပါတယ်။
ပျောက်ဆုံး လေယာဉ်ဟာ နောက်ကြောင်းပြန်လှည့်ကောင်းလှည့်သွားနိုင်တဲ့ လမ်းကြောင်းကို တွေ့ထား တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် မလေးရှားလေကြောင်းလိုင်းအနေနဲ့ကတော့ အခုထိ လေယာဉ်ကို
ပျက်ကျတယ်လို့ အတည်ပြု ထုတ်ပြန်မှု မလုပ်သေးသလို
အကြမ်းဖက်မှုကြောင့်ဆိုတာလည်း ပြောလို့ မရသေးဘူးလို့ ဆိုထားပါတယ်။
အခက်အခဲဖြစ်ခဲ့တယ်၊ တခုခုဖြစ်တယ်ဆိုရင်လည်း လေယာဉ်မှူးတွေရဲ့ဆက်သွယ်မှုလည်း မရှိခဲ့သလို
အလိုအလျှောက် အရေးပေါ် အကူအညီတောင်းတဲ့ စက်တွေကလည်း ဘာမှ သတင်းမပို့ခဲ့ပါဘူးတဲ့။
ဒါကလည်း ၂ ရက်ကြာလာတဲ့တိုင် နိုင်ငံစုံ ကူညီကယ်ဆယ်ရေး လေယာဉ်တွေနဲ့
သင်္ဘောတွေဟာ ပျောက် ဆုံးသွားတဲ့ နေရာလို့ ယူဆရတဲ့ ပတ်ဝန်းကျင်မှာ လေယာဉ် ကို
ရှာဖွေနေဆဲပါ။
ပထမ ပင်လယ်ပြင်မှာ ဆီအကွက်ကြီးတွေ့တယ်၊ နောက် လေယာဉ်ပျက်လို့ ယူဆရတဲ့
ပစ္စည်းတခုတွေ့ တယ်၊ စတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပေမယ့် ပျောက်ဆုံး လေယာဉ်ရဲ့
ပျက်စီး အပိုင်းအစဆိုပြီး အတည်ပြု လို့ရတဲ့ သဲလွန်စ ဘာ တခုမှ
မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အရမ်းထူးဆန်းနေတယ်လို့ သတင်း
တွေက ရေးနေကြတာပါ။
တရုတ်ပြည်ကလာတဲ့ သတင်းမှာ ထူးဆန်းမှုတခုကတော့ လေယာဉ်ပေါ် ပါသွားတဲ့
တရုတ်ခရီးသည် တဦး ရဲ့ လက်ကိုင် ဖုန်းကို သူ့ မိသားစုဝင်တဦးက
ဖုန်းဆက်သွယ်ခဲ့ရာမှာ တယ်လီဖုန်းက Ring Tone မြည်
ပေမယ့် တဖက်က လက်ခံဖြေ ကြားမှု မရှိဘူးဆိုတဲ့ ဗီဒီယို ဖိုင်တခုလည်း ထပ်မံပေါ်ထွက်လာပြန်ပါတယ်။
ဒီတော့ ပျောက်ဆုံး မလေးရှားလေယာဉ်ဟာ ဘာဖြစ်နေတာလဲ ဆိုတဲ့ မေးခွန်းတွေလည်း ဆင့်ကဲ ထွက်
ပေါ် လာ ပါတယ်။ လေယာဉ်ပေါ်က လူရဲ့ တယ်လီဖုန်းက Ring Tone မြည်ပြီဆိုတော့
ဆက်သွယ်လို့ရခဲ့ တာ ဟာ ဆက်သွယ်မှု ဧရိယာထဲမှာ ရှိတယ်လို့ ပြောရမှာမို့ ဒါဆို
လေယာဉ်ဟာ ဘယ်နေရာရောက်နေလဲ ဆိုပြီး ပိုပြီး ဆန်းကြယ်မှုတွေဖြစ်ပွား
လာနေပါတယ်။
အိမ့်သံစဉ် ~/ဧရာဝတီ
No comments:
Post a Comment