ကချင်ပြည်နယ် အပါအဝင် လစ်လပ်နေသော မဲ ဆန္ဒနယ်မြေများတွင် ယခုနှစ်အတွင်း
ကြားဖြတ်ရွေးကောက်ပွဲများ ပြု လုပ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင် ညွှန်ကြားရေးမှူး ဦးသောင်း လှိုင်က
ဖလားဝါးနယူးစ်သို့ အ တည်ပြု ပြောကြားခဲ့သည်။
''ကြားဖြတ်ရွေးကောက် ပွဲလုပ်ဖို့စီစဉ်ရတာက လွှတ်တော် ကိုယ်စားလှယ်
လစ်လပ်နေတဲ့နေ ရာတွေရှိတယ်။ လွှတ်တော်ကိုယ် စားလှယ်တွေကလဲ ကိုယ်စားပြု
လွှတ်တော်အမတ်တွေ လိုချင်နေ ကြတယ်။ အခြေအနေအရ လိုအပ် ချက်တွေရှိနေလို့
ကြားဖြတ်ရွေး ကောက်ပွဲ လုပ်မှာပါ'' ဟု ဖလား ဝါးနယူးစ်၏ မေးမြန်းမှုကို
ဦးသောင်း လှိုင်က ပြန်လည်ဖြေသည်။
ကြားဖြတ်ရွေးကောက် ပွဲများကို ယခုနှစ်အတွင်းပြုလုပ် မည်ဖြစ်သော်လည်း
ပြုလုပ်မည့် အချိန်နှင့် ပြုလုပ်မည့် နေရာများ ကိုမူ အတိအကျမပြောနိုင်သေး
ကြောင်း ဦးသောင်းလှိုင်က ''ကြား ဖြတ်ရွေးကောက်ပွဲတွေကို ဘယ် ဒေသတွေမှာ
လုပ်မယ်၊ ဘယ်အ ချိန်လုပ်မယ်ဆိုတာကို ကျွန်တော် တို့လွှတ်တော်မှာ တရားဝင်ပြော
ပါမယ်။ လွှတ်တော်မှာ တရားဝင် မဆွေးနွေးသေးဘဲ ကျော်ပြီးပြော လို့မရလို့ပါ။
လစ်လပ်မဲဆန္ဒနယ် တိုင်းမှာ လုပ်နိုင်မလုပ်နိုင်ဆိုတာ
ကလဲရှိသေးတယ်''ဟုပြောသည်။
ရွေးကောက်ပွဲတစ်ခုပြု လုပ်ရန် အနည်းဆုံးအချိန် သုံးလ ခန့်ယူပြီး
လုပ်ငန်းစဉ်များဆောင် ရွက်ရကြောင်း၊ မိုးတွင်းကာလကို လည်း ရှောင်ရှား၍
လုပ်ဆောင်ရ ကြောင်း၊ ယင်းကြောင့် ယခုနှစ်အ တွင်း ပြုလုပ်မည်ဆိုသည့် အနေ
အထားကိုသာ ပြောနိုင်ကြောင်း လည်း ဖြည့်စွက်ပြောကြားသည်။
ပြီးခဲ့သည့်ကြားဖြတ်ရွေး ကောက်ပွဲတွင် ရွေးကောက်ပွဲပြုလုပ်
နိုင်ခြင်းမရှိခဲ့သည့် ကချင်ပြည်နယ် ၏ လက်ရှိအခြေအနေနှင့်ပတ် သက်၍
ကချင်ပြည်နယ် စည်းလုံး ညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (မနောတိုင်ပါတီ)မှ
အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးခက်ထိန် နန်က ''ဒီအချိန်ခါမှာ
လုပ်မယ်ဆို ရင် လုပ်လို့ရပါပြီ။ စီမံခန့်ခွဲရေးအရ အဆင်ပြေအောင်လုပ်ရင်
ရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေအတွက် သူတို့ရှိနေတဲ့နေရာတွေမှာ သွား
လုပ်ပေးမှအဆင်ပြေနိုင်မယ်။ သူ တို့မှာလဲ မဲပေးပိုင်ခွင့်ရှိတယ်။ သူ
တို့ထည့်လို့ရအောင် လုပ်ပေးရ မယ်''ဟု သုံးသပ်ပြောကြားသည်။
လစ်လပ်မဲဆန္ဒနယ်အဖြစ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၃ နေရာ၊
အမျိုးသားလွှတ်တော်မဲဆန္ဒ နယ်ခြောက်နေရာ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်
မဲဆန္ဒနယ် ၁၁ နေရာ စုစုပေါင်းလစ်လပ် မဲဆန္ဒ နယ် ၃ဝ ရှိကြောင်း၊ အဆိုပါမဲဆန္ဒ
နယ်များတွင် ဝင်ရောက်မဲပေးနိုင် ရန် အမေရိကန်ရောက် မြန်မာပြည်
သူများအနေဖြင့် ဧပြီ ၁၅ရက်နောက် ဆုံးထားပြီး မြန်မာနိုင်ငံရှိ အမေရိ
ကန်သံရုံးလိပ်စာသို့ လိပ်မူ၍လည်း ကောင်း၊ သံရုံးအီးမေးဖြင့်လည်း ကောင်း
ပြန်လည်ပေးပို့ရန်အကြောင်း ကြားထားကြောင်းသိရသည်။
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်သော လက် ရှိစာရင်းများအရ
ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း၊ ဝိုင်းမော်၊ လှိုင်းဘွဲ့၊ ဟား
ခါးမြို့နယ်များအပါအဝင် လစ်လပ် မဲဆန္ဒမြို့နယ် ၃၆မြို့နယ်ရှိကြောင်း သိရသည်။
ကံ့ကော် ၊ အတွဲ ၁၀ အမှတ် ၁၂ Flower News Journal
Yangon Media Group
No comments:
Post a Comment