20 March 2014

မီးဖြတ်စက်အပူလွန်ပြီး မီးလောင်

မ​န္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ၇၂ လမ်း၊ ၇၃ လမ်းကြား ၃၅လမ်း နှင့် ၃၆ လမ်းကြားအကွက် အမှတ်(၆၉၈၊၆၉၉)နေ ဦးကိုကိုဆွေ နေအိမ်မှ ရေခဲသေတ္တာမီးဖြတ်စက် (Safeguard)  အပူလွန်ကဲရာမှ အိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းမှု မတ်လ ၁၉ ရက် ည ၁၂ နာရီ ၃၀ မိနစ်က ဖြစ်ပွားခဲ့ပြီး ၁၂ နာ ရီ ၅၅ မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့သည်။
မီးလောင်မှုကြောင့် စုစုပေါင်းတန်ဖိုး ၂၇ သိန်း ၄ သောင်းဖိုး ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မီးလောင်ကျွမ်းသည့် အိမ်ရှင်ဦးကိုကိုဆွေအား အမှတ် ၉၊ ရဲစခန်းက (ပ)အ မှတ်(၁၅၂/၂၀၁၄/၂၈၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Written by  အောင်ကိုဦး  /mizzimaburmese

No comments:

Post a Comment