31 March 2014

ပြည်သူ့ရင်ပြင်အတွင်း၌ ရိုက်နှက်ကာ ဆွဲကြိုးလုယူသွားသူကို ဖေါ်ထုတ်ဖမ်းဆီးရမိ


ရန်ကုန်၊ မတ် ၃၁

၃၀.၃.၂၀၁၄ရက်နေ့ ၂၀၃၀အချိန် မရမ်းကုန်းမြို့နယ်နေ ဦးသန်းဦးသည် ဒဂုံမြို့နယ်၊ပြည်အရှေ့ရပ်ကွက်၊ ပြည်သူ့ရင်ပြင်ဝင်းအတွင်းရှိ ငါးမွေးမြူ ရေး
ကန်အနီး၌ ၎င်းဖွင့်ထားသော ငါးစာဆိုင်ရှေ့၌ ရှိနေစဉ် အမျိုးသား(၁)ဦး
ရောက်ရှိလာပြီး ၎င်းအားတုတ်ဖြင့် (၇)ချက်ခန့်ရိုက်နှက်ခဲ့၍ လဲကျသွားခဲ့
ကြောင်း၊ ထိုသို့လဲကျစဉ် ၎င်း၏လည်ပင်းတွင်ဆွဲထားသော အလေးချိန်
(၁)ကျပ်ခွဲသားခန့်ရှိ ရွှေဆွဲကြိုး (၁)ကုံး၊ ကာလတန်ဘိုးငွေကျပ်(၁၀)သိန်း
ခန့်ကို ၎င်းအမျိုးသားမှ ဖြုတ်ယူထွက်ပြေးသွားခဲ့ကြောင်း၊ ထိုကဲ့သို့ တုတ်ဖြင့်ရိုက်နှက်ခံခဲ့ရသဖြင့် ၎င်း၌ ဦးခေါင်းဝဲဘက်ချိုစောင်းနှင့် နဖူးထိပ်
တို့တွင် ပေါက်ပြဲသွေးထွက်နာကျင်ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး
တွင်ဆေးဝါးကုသမှုခံယူခဲ့ရကြောင်းနှင့် ယင်းသို့ ပြစ်မှုကျူးလွန်သူကို စုံစမ်းအရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့တိုင်တန်းချက်အရ ဒဂုံမြို့မရဲစခန်း ရဲစခန်း(ပ)၆၄/၂၀၁၄၊ ပုဒ်မ ၃၉၄
ဖြင့် အမှုဖွင့်လှစ်ပြီး စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာပြည်သူ့ရင်ပြင်
အတွင်း၌ ပျံကျဈေးရောင်းသူ ကျော်ဆန်း၊ (၁၉)နှစ်၊ (ဘ)ဦးကျော်သိန်း၊ (၁၉)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူဖြစ်ကြောင်းစုံစမ်းသိရှိရပါသည်။

၎င်းအား ဖမ်းဆီးရမိရေးအတွက် ဒဂုံမြို့မရဲစခန်းနယ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ လိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ ၃၁.၃.၂၀၁၄ ရက်နေ့ ၁၆၂၀ အချိန်တွင် ၎င်း၏
နေအိမ်မှဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်း ရွှေဆွဲကြိုးအား ပြန်လည်
သိမ်းဆည်းကာ အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment