၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊
ထောက်ရှာပင်ရေနံမြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဇီးဖြူကုန်းကျေးရွာ၌
ဓါးခုတ်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ
ကျေးရွာမီးပေးစက်မောင်းရန် တာဝန်ပေးထားသော မင်းဘူးမြို့နယ်၊
ဇီးဖြူကုန်းကျေးရွာနေ ဦးဖြိုးဝေ(၅၀)နှစ်သည် မီးစက်ပိတ်ချိန်စေ့၍
နေအိမ်သို့ပြန်လာစဉ် တစ်ဝိုင်းတည်းနေ ညီအရင်းဖြစ်သူ ဝင်းရွှေ(၄၃)နှစ်သည်
အရက်သေစာသောက်စားမူးယစ်ပြီး ပတ်ဝန်းကျင်အား ဓါးကိုင် ရမ်းကားနေသဖြင့်
ဝင်ရောက်ထိန်းသိမ်းခဲ့ရာ ဝင်းရွှေကလက်ထဲ၌ အသင့်ကိုင်ထားသော အရိုး(၈) လက်မ၊
အသွား(၁၃)လက်မခန့်ရှိ ဓါးမဖြင့်ခုတ်ခဲ့သောကြောင့် ဦးဖြိုးဝေတွင်ယာလက်ညှိုး/
လက်ခလယ်/လက်သူကြွယ်/ဂျိုစောင်းတို့တွင်ဒဏ်ရာများအသီးသီးရရှိခဲ့သည်ကို
တွေ့ရှိရသဖြင့် ဝင်းရွှေအား မင်းဘူးမြို့မရဲစခန်း(ပ) ၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ
၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar
No comments:
Post a Comment