20 March 2014

သင်္ကြန်ဆိုရင် မရောက်ခင်ကတည်းက ရင်ခုန်နေပြီလို့ ပြောတဲ့ ၀တ်မှုန်ရွှေရည်

သင်္ကြန်နီးပြီဆိုတော့ ပရိသတ်တွေအနေနဲ့ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေရဲ့ သင်္ကြန်ရင်ခုန်သံလေးတွေကို သိချင်ကြပြီပေါ့နော်။ အဲ့ဒါကြောင့် ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ၀တ်မှုန်ရွှေရည်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ သင်္ကြန်ရင်ခုန်သံကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ‘ခုရိုက်နေတဲ့ ကားလေးရဲ့ ဒါရိုက်တာက မကြည်ဖြူသျှင်ပါ။ မင်းသားက ကောင်းပြည့်ပေါ့။ အချစ်ဖန်စီကားလေးပေါ့။ ဒီကားလေးကို စရိုက်တဲ့အချိန်မှာ ကစ်ကိုယ့်ကိုကိုယ်ပြန်ငယ်သွားသလိုတောင် ခံစားရတယ်။

တကယ့် ကျောင်းအစစ်ပြန်တက်နေရသလို ခံစားရတဲ့အတွက် ကစ်ပရိသတ်တွေလဲ ဒီကားလေးကိုကြည့်တဲ့အခါ ကစ်နဲ့ စိတ်ခံစားချက်ချင်း နီးစပ်မယ်လို့ ထင်မိပါတယ်။ ဒီကားပြီးရင်တော့ ဗီဒီယိုကားတွေပဲ ဆက်ရိုက်ဖို့ရှိပါတယ်’လို့ သူမက ပြောပါတယ်။

သင်္ကြန်နဲ့ပတ်သတ်တဲ့စိတ်ခံစားမှုကိုတော့ ‘ဒီနှစ်ကတော့ ကစ်ဘယ်မှာရှိမှန်း မသိသေးဘူး။ သင်္ကြန်ဆိုရင်တော့ မရောက်ခင် ကတည်းကကို ကစ်ရင်ခုန်တယ်။ ပျော်တယ်။

ကိုယ့်မြန်မာတွေရဲ့ နှစ်ကူးပွဲတော်တစ်ခုလဲ ဖြစ်သလို မြန်မာ့ပွဲတော်တွေထဲမှာ သင်္ကြန်ဆိုတာ အစည်ဆုံးပေါ့နော်။ ရှုတင်ရှိရင်တော့ ရှုတင်မှာပဲ ဖြတ်သန်းဖြစ်မှာပါ။ ခုနောက်ပိုင်းသင်္ကြန်ကတော့ တစ်ယောက်တည်းပဲ ဖြတ်သန်းဖြစ်တာ များပါတယ်။ ချစ်သူရှိတဲ့သူတွေကတော့ ကောင်းတာပေါ့နော်။ ကစ်ကတော့ ဒီနှစ်လဲ တစ်ယောက်တည်းပါပဲ။ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ကားရိုက်မရှိရင် ဘုရားသွားပြီး ကောင်းမှုကုသိုလ်လေးတော့ လုပ်ချင်တယ်။ ခုလာမဲ့၂၀၁၄ သင်္ကြန်မှာလဲ ကစ်ရဲ့ပရိသတ်ကြီး အားလုံးကျန်းမာပျော်ရွှင်ပြီး ဘေးကင်းနိုင်ကြပါစေ’လို့လည်း သူမက ဆုတောင်းပေးလိုက်ပါသေးတယ်။

 ခင်ဆွေသက်/Trend Myanmar

No comments:

Post a Comment