06 March 2014

ကောလာဟာလများကို ချဲ့ကားမပြောသင့်ကြောင်း အိုဗာတင်းဖြင့် လူသိခဲ့သည့် ယွန်းဝတီလွင်မိုးဆို

 
ဆယ်ကျော်သက်လူငယ်များ အားပေးချစ်ခင်မူနှင့် လေးစားအားကျမူကို အပြည့်အ၀ရရှိထားသည့် ဆယ် ကျော်သက်သရုပ်ဆောင် ယွန်းဝတီလွင်မိုးသည် အနုပညာအလုပ်များထက် ပညာရေးကို ဦးစားပေးလုပ် ကိုင်သွားမည်ဖြစ်ကြောင်း မဇ်္ဈိမသို့ ပြောသည်။

“ခေးခေးအခုYangon International School မှာ ကိုးတန်းတက်နေတယ်။ပညာရေးကို ဦးစားပေးနေတဲ့ အတွက် အနုပညာအလုပ်တွေ လျှော့လုပ်သွားမယ်။ ရန်ကုန်မှာ ၁၂ တန်းထိ တက်ဖြစ်မယ်။ ပြီးရင် နိုင်ငံ ခြားမှာ စီးပွားရေးနဲ့ပတ်သက်ပြီး ကျောင်းသွားတက်မယ်။ ပြန်လာရင်တော့ စီးပွားရေးလုပ်မယ်လို့ ရည် ရွယ်ထားတယ်” ဟု ပြောသည်။ အနုပညာလောကထဲကို ဖခင်ဖြစ်သူု လွင်မိုး၏ အားပေးမူဖြင့် ၎င်း၏ ၀ါသနာကြောင့် ၀င်ရောက်လာခဲ့ပြီး ယခုချိန်ထိ အောင်မြင်မူ အထိုက်အသင့်ရရှိပြီဖြစ်ကြောင်း ပွင့်လင်း စွာဆိုသည်။ ၎င်းသည် အနုပညာအလုပ်များ လုပ်ကိုင်သော်လည်း ဇာတ်ကားများရိုက်ကူးမည်မဟုတ် ကြောင်းပြောဆိုလိုက်သည်။ ယင်းအပြင် ၎င်းသည် အနုပညာလောကထဲကို ၀င်ရောက်ရာတွင် ဖခင်ဖြစ် သူ၏ အောင်မြင်မှုကြောင့် အခက်အခဲမရှိဟု ပြောသည်။



အနုပညာရှင်တိုင်း ကောလာဟာလနှင့် ကြုံတွေ့နိုင်ပြီး ၎င်းအနေဖြင့် ကောလာဟာလအပေါ် ဖြေရှင်းချက် ကိုမပေးသော်လည်း နားထောင်သူများအနေဖြင့် နှစ်ဦးနှစ်ဖက်စကားကို နားထောင်သင့်ပြီး ချဲ့ကားမပြော ရန်ဆိုသည်။ ၎င်းသည် ငယ်စဉ်ကတည်းက ကြော်ငြာရိုက်ကူးမှုများဖြင့် အနုပညာလောကထဲသို့ ၀င် ရောက်လာခဲ့ပြီး အိုဗာတင်းကြော်ငြာဖြင့် ယွန်းဝတီလွင်မိုးဟု ပရိတ်သတ်သိခဲ့သူဖြစ်သည်။
 

Mizzima

No comments:

Post a Comment