13 March 2014

စာမေးပွဲဖြေဆိုနေသည့် ဆယ်တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး

ကနီ၊ မဇ္ဈိမ။                              ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုနေသည့် ဆယ်တန်းကျောင်းသား တစ်ဦး မတ်လ ၁၂ ရက် ညနေ ၃ နာရီအချိန်က ချင်းတွင်းမြစ်အတွင်း ရေနစ်သေဆုံးခဲ့သည်ဟု ကနီမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ရေနစ်သည့်နေရာကို ကနီမြို့မရဲစခန်းမှ ဒုရဲအုပ် တင်အောင်မိုးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသည့်ကျောင်းသားမှာ အသက် ၁၆ နှစ်ရွယ် မောင်စိုင်းမင်းအောင် ဆိုသူဖြစ်သည်ဟု ရဲဌာနက ယူဆထားသည်။
ထိုသူသည် ကနီမြို့နယ်၊ မိုယ်းကောင်းကျေးရွာတွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် နတ်ကြီး စာစစ်ဌာနသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
မသေဆုံးမီက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီးနောက် ညနေ ၃ နာရီအချိန်တွင် ဆရာအချို့နှင့် ကျောင်းသား အယောက်(၃၀)ခန့်သည် နတ်ကြီးဆိပ်ကမ်း၊ ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးခဲ့ရာမှ ရေနစ်ခဲ့ခြင်းဖြစ်ပြီး ၀ိုင်းဝန်းရှာဖွေ ဆယ်ယူခဲ့သည့်အတွက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် အလောင်းကို ပြန်လည်တွေ့ရရှိခဲ့သည်ဟု ရဲဌာနမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါသေဆုံးမှုကို ကနီမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂/ ၂၀၁၄ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

 ကိုတိုးကြီး/mizzimaburmese.

No comments:

Post a Comment