21 March 2014

အမျိုးသမီးငယ်တစ်ဦး ပိုးသတ်ဆေးသောက်၍ သေဆုံး

၂၀.၃.၂၀၁၄ ရက်နေ့ ၂၁၅၀ အချိန် မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့၊ မြောင်းတကာ ရဲကင်းစခန်းမှတပ်ဖွဲ့ဝင် များသည် မြောင်းတကာကျေးရွာ၌ အမျိုးသမီးငယ်တစ်ဦး ပိုးသတ်ဆေးသောက် သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မသီတာအေး၊ (၁၅)နှစ်၊ (၉)တန်းကျောင်းသူ ဖြစ်ပြီး နေအိမ်ဘေးရှိ ဟင်းရွက်စိုက်ခင်းအတွင်း ပါးစပ်မှအမြှုပ်များ ထွက်ကာ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အား စုံစမ်းရာ၎င်းသည် ၂၂.၃.၂၀၁၄ရက်နေ့တွင်သူငယ်ချင်းများနှင့် အတူ ကျိုက်ထီးရိုးစေတေီတော်သို့ဘုရားဖူးသွားလိုကြောင်း မိခင်ဖြစ်သူအား ပြောဆိုရာ မိခင်မှ စီးပွားရေး အဆင်မပြေသဖြင့် မသွားရန် တားမြစ်သည်ကို စိတ်ဆိုးပြီး နေအိမ်စိုက်ခင်းအတွင်း စိုက်ပျိုးရေးသုံး ရွှေဆိုက်ဘာ
ပိုးသတ်ဆေးရည်အား သောက်ခဲ့သဖြင့်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မှော်ဘီမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment