ငွေကျပ် ၃သိန်းထက်ကျော်သော လက်ဆောင်ပစ္စည်းများ ရယူ ကန်တော့ခံသည့်
အစိုးရဝန်ထမ်းများကို လာဘ်ပေးလာဘ်ယူမူဖြင့် အရေးယူသွားမည်ဟု
နိုင်ငံတော်သမ္မတရုံးက သတိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း
သမ္မတရုံးပြည်ထောင်စုဝန်ကြီး တစ်ဦးက ပြောကြားသည်။
လာဘ်ပေးလာဘ်ယူမူ တိုက်ဖျက်ရေးစီမံချက်ကို ယခုနှစ်ပိုင်း
ဦးသိန်းစိန်အစိုးရက စတင်အကောင်ဖော်နေချိန်တွင် ယင်းကြေညာချက်
ထွက်ပေါ်လာခြင်းဖြစ်သည်။
"နှစ်တိုင်း လူကြီးတွေကို ကိုယ့်သူဌေး သွားကန်တော့တဲ့တန်ဖိုးက
သိန်းရာဂဏန်းက အနည်းဆုံးပဲ"ဟု ကိုယ်တိုင်ကြုံတွေ့ဖူးသူ အလတ်စားကုမ္ပဏီတစ်ခု၏
အထွေထွေမန်နေဂျာတစ်ဦးကဆိုသည်။
သန့်ရှင်းသော အစိုးရဖြစ်စေရန် လာဘ်ပေးလာဘ်ယူမူတိုက်ဖျက်ရေးကို
အဓိကထားဆောင်ရန်လိုအပ်ပြီး ထိရောက်သော အရေးယူဆောင်ရွက်ခြင်းများ
ဖော်ဆောင်သင့်ကြောင်း၊လက်ရှိတွင်မူ အပြောင်းအလဲ သိသာစွာတွေ့မြင်ရခြင်း
မရှိသေးကြောင်း မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မြင့်က
သုံးသပ်ပြောကြားသည်။
ကိုတိုး ချင်းတွင်း
No comments:
Post a Comment