ခရမ်းမြို့မ ရဲစခန်းတွင် ချုပ်နှောင် ထားသော အချုပ်သား နှစ်ဦး ဘုရား
ရှိခိုးစဉ် အချင်း များ ကန်ကျောက် ရာမှ အချုပ်သား တစ်ဦး နှလုံးကွဲအက်
သေဆုံးမှု တစ်ခု ဖြစ်ပွား ခဲ့ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး
ရုံးမှ သိရသည်။
မတ်လ (၉)ရက်နေ့၊ ညနေ (၆) နာရီ အချိန်ခန့်က အချုပ်သားများ ဘုရားရှိခိုးနေ
ကြစဉ် ကို..... မှာ ဘုရားစာ များကို ကျော်၍ ရွတ်ဆို နေသောကြောင့် အတူ
ချုပ်နှောင်ထား သော တရားရုံးမှ စစ်ဆေးဆဲ အချုပ်သား တစ်ဦးက ကို..... ၏
ယာဘက် နံဘေးအား ခြေထောက်ဖြင့် ကန်ကျောက် ခဲ့ကြောင်း ရဲမှတ်တမ်းတွင်
တွေ့ရသည်။
ထိုသို့ အချင်း များကြသည်ကို ခရမ်း မြို့မရဲစခန်းမှ တာဝန် ရှိသူတို့က
တားဆီး ခဲ့၍ ပြေလည် သွားသော်လည်း ကို..... မှာ ည (၈) နာရီ အချိန်ခန့်တွင်
အသက်ရှူသံ ပုံမှန်မဖြစ် တော့သောကြောင့် ဆေးရုံသို့ ပို့စဉ် သေဆုံးခဲ့
ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ တုံးသော အရာ ၀တ္ထုဖြင့် ထိခိုက်
မိခြင်းကြောင့် နှလုံး ကွဲအက်၍ ၀မ်းဗိုက် အတွင်း သွေးထွက် လွန်ကာ သွေးလန့်
သေဆုံး ခြင်းဖြစ်ကြောင်း၊ ဖြစ်တတ်သော သဘောအရ သေစေနိုင်သော ဒဏ်ရာ
ဖြစ်ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ ဆေးရုံမှ မတ်လ (၂၁) ရက်တွင်
ပြန်ခဲ့ကြောင်း သက် ဆိုင်ရာ ရဲစခန်းမှ သိရသည်။
ထိုသို့ အချုပ်သား အချင်းချင်း သေစေ သည်အထိ မဆင်မခြင် ကန်ကျောက် ခဲ့သူ
တရားရုံးမှ စစ်ဆေးဆဲ အချုပ်သားကို အရေး ယူပေးရန် ဒုရဲမှူး သက်စိုးက တရားလို
ပြုလုပ် တိုင်တန်းခဲ့ပြီး ခရမ်းမြို့မရဲစခန်း၌ (ပ) ၆၄/ ၂၀၁၄၊ ပြစ်မှုပုဒ်မ
၃၀၄ (က)ဖြင့် မတ်လ (၂၁)ရက်နေ့ ည (၁၀)နာရီ (၂၀) မိနစ် အချိန် အမှုဖွင့်ပြီး
အမှုစစ်တရားလိုမှ စစ်ဆေး လျက်ရှိကြောင်း ပထမ သတင်း ပေးချက်အရ သိရသည်။
Messenger News Journal
No comments:
Post a Comment