12 March 2014

နိုင်ငံခြားသူတစ်ဦးထံမှပစ္စည်းများ အကြမ်းဖက်လုယူမှုဖြစ်ပွား

(၁၀.၃.၂၀၁၄) ရက်နေ့၊ ည(၂၁း၁၀) နာရီခန့်တွင် ငွေဆောင်ဟိုတယ်ဇုန် ပုလဲငွေဆောင် ဟိုတယ်၌ တည်းခိုသော ပိုလန်နိုင်ငံသူ Ms. KATARZYNA JOANNA (၃၇ နှစ်) ၊ PP-1723880 , V-No.76082107043 သည် ကမ်းခြေတွင် လမ်းလျှောက်လျက် ချစ်သူများကျွန်းဘက်မှပြန်လာစဉ် Silver View Hotel အနီးကမ်းခြေအရောက် နောက်မှ လိုက်ပါ လာသူ အမည်မသိလူနှစ်ဦးမှ တွန်းလှဲ၍ မျက်နှာအားလက်သီးနှင့်ထိုးကာ ၄င်းလွယ်ထားသော ဘေးလွယ်အိတ် အပြာရောင်အား လုယူထွက်ပြေးခဲ့ကြောင်း၊ ၄င်းအိတ်ထဲတွင် မြန်မာကျပ်ငွေ ငါးသောင်းခန့်၊ ID Card တစ်ခု၊ Credit Card တစ်ခု၊ Samsung I-pad (၇ လက်မ)ဖုန်းတစ်လုံး ပါဝင်သွားကြောင်း၊ နီးစပ်ရာ Silver View Hotel မန်နေဂျာနှင့် ၀န်ထမ်းများအား ချက်ချင်းအကူအညီတောင်းခံရာမှ အချင်းဖြစ်နေရာကို သိရှိရခြင်းဖြစ်ပြီး နိုင်ငံခြားသူ အနေဖြင့် မျက်နှာနှာတံပေါ်တွင် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ၀ဲမျက်လုံးအောက်တွင် ညိုမဲဒဏ်ရာတစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် တည်းခိုရာ ပုလဲငွေဆောင်ဟိုတယ်မှတစ်ဆင့် ဆေးရုံသို့ ပေးပို့ကုသမှု ခံယူခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်လျှင် ဖြစ်ချင်း သက်ဆိုင်ရာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့သို့ ချက်ချင်းသတင်းပို့ အကူအညီရယူခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment