15 March 2014

ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရပ်တည်တော့မယ့် နန်းခင်ဇေယျာ



 Coko Dmoe
Options for this story
ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရပ်တည်တော့မယ့် နန်းခင်ဇေယျာ
အလှမယ်အဖြစ် သီးသန့်ရပ်တည်ဖို့ အခက်အခဲရှိနေတာကြောင့် သရုပ် ဆောင်အဖြစ် ရပ်တည်တော့မယ်လို့ နန်းခင်ဇေယျာက သူ့ရဲ့ ၂၆ နှစ်ပြည့် မွေးနေ့မှာ ပြောလိုက်ပါပြီ။ မြန်မာပြည်မှာ အလှမယ် သီးသန့်အဖြစ် ရပ်တည် ရတာ ဘာတွေခက်ခဲနေပါသလဲ။

Miss International 2012 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆန်ခါတင် ၁၅ ယောက်ထဲ ရွေးချယ်ခံခဲ့ရတဲ့ နန်းခင်ဇေယျာက အပျိုစင်ပညာပေး ဇာတ်ကား နဲ့ ဧပြီညွှန်းစာဆိုတဲ့ ဗီဒီယို ဇာတ်ကားတွေနဲ့အတူ သရုပ်ဆောင် အနုပညာ လောကထဲ ခြေချတော့မယ်လို့ မတ်လ ၁၂ ရက်နေ့မှာ ဆိုပါတယ်။
လာမယ့် အနာဂတ်ကို ကြိုတင်မသိနိုင်တာကြောင့် ဖြတ်သန်းရမယ့် ၂၇ နှစ် မြောက် ဘဝခရီးလမ်းမှာ အကောင်းဆုံးကြိုးစားမယ်လို့ ကန်တော်ပဲလေ့စ် ဟိုတယ်မှာ ကျင်းပတဲ့ သူ့ရဲ့ မွေးနေ့ပါတီပွဲမှာ အမှတ်တရ ဆိုပါတယ်။
နန်းခင်ဇေယျာဟာ Miss Internet ဆုကို ရွေးချယ်ခံခဲ့ရပြီး အလှမယ် လောကမှာ လမ်းသစ်ဖောက်ခဲ့သူလည်းဖြစ်ပါတယ်။ ပရဟိတ လုပ်ငန်းတွေ များစွာမှာ ပါဝင်ကူညီခဲ့ပြီး ဧည့်လမ်းညွှန်အဖြစ် ရပ်တည်မှုကို အဆုံးသတ်ပြီး ရုပ်ရှင်မင်းသမီး တစ်ယောက်အဖြစ်ကို လျှောက်လှမ်းတော့မှာလည်း ဖြစ်ပါ တယ်။
Myanmar News Media

No comments:

Post a Comment