21 March 2014

ကမ္ဘာလှည့် ခရီးသွား ပိုလန်နိုင်ငံသူထံမှ ပစ္စည်း လုယူသူများအား ဖမ်းဆီးရမိ


(၈.၃.၂၀၁၄)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲ ပုလဲငွေဆောင်ဟိုတယ်သို့ ရောက်ရှိတည်းခိုနေထိုင်သည့် ပိုလန်နိုင်ငံသူ Ms. KATARZYNA JOANNA (၃၇)နှစ်သည် (၁၀.၃.၂၀၁၄)ရက်နေ၊ (၂၁း၀၀)နာရီ အချိန်ခန့်တွင် ရွှေဟင်္သာဟိုတယ်မှ ကမ်းခြေအတိုင်းတစ်ဦးတည်း လမ်းလျှောက်၍ ပြန်လာစဉ် Silver Coast ဟိုတယ်ရှေ့အရောက်တွင် ၄င်း၏ နောက်မှ လူ(၂) ဦးလိုက်ပါလာကာ မျက်နှာအားလက်သီးနှင့် ထိုးပြီး လက်ဆွဲအိတ်အပြာရောင်အား လုယူထွက်ပြေး သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ငွေဆောင် ရဲစခန်းမှ စခန်းမှူးဒုရဲမှူး တင်မိုးဦးက တရားလိုပြုလုပ်၍ မတ်လ(၁၁) ရက်နေ၊ ညနေ (၃) နာရီအချိန်တွင် ၁၄/၂၀၁၄ ၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိရာ ငွေဆောင်မြို့ (၂) ရပ်ကွက်၊ (၁) လမ်းရှိ သုတ ဖုန်းဆိုင်ပိုင်ရှင် ကိုဝင်းထွဋ်အောင်မှ မတ်လ(၂၀) ရက်နေ့၊ နေ့လည်(၁၂း၄၀) အချိန် ၄င်းဆိုင်တွင် ပိုလန်နိုင်ငံသူ၏ ဖုန်းအမျိုးအစားနှင့်တူသော i pad ဖုန်းအား လာရောက်ပြချိန်မသင်္ကာကြောင်း ဒုစခန်းမှူး ရဲအုပ်ဝင်းထက်သူထံ ဖုန်းဆက်သတင်းပေးသဖြင့် ၄င်းဖုန်းအား လာရောက်ပြသသူ မင်းချစ်ကို (ခေါ်) ဖိုးသံချောင်း (ဘ) ဦးချစ်ဝင်း၊ (၂) ရပ်ကွက် (၁) လမ်း နေသူအား ခေါ်ယူစစ်ဆေးရာမှ ဆံရှည် (ခေါ်) မြင့်လွင် (၃၆)နှစ်၊ (ဘ) ဦးလှညွန့်၊ ဈေးရောင်း၊ ချမ်းသာအမှတ်(၂) ရပ်ကွက်၊ ငွေဆောင်မြို့၊ ဖိုးအောင် (၃၉) နှစ်(ဘ)ဦးဘရီ ၊ The CALM
Beach Hotel ရှိ အမှတ်(၃)ရပ်ကွက်၊ ငွေဆောင်မြို့နေသူတို့(၂)ဦးမှာပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ၄င်းတို့ ပိုလန်နိုင်ငံသူထံမှ လုယူသွားသောပစ္စည်းများအား ပြန်လည်သိမ်းဆည်းမိခဲ့ကြောင်း၊ ၄င်းဖြစ်စဉ်နှင့် ပတ်သက်ပြီးတရားခံများအား ထိရောက် သောပြစ်ဒဏ်ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment