ပဲခူးမြို့မရဲစခန်းအပိုင် ဟံသာဝတီ ရပ်ကွက်၊ထပ်ဆင့်အသံလွှင့်ရုံဝင်အတွင်း
ရှိ ကြက်မွေးမြူရေးခြံတွင်(၁၀.၃.၂၀၁၄)နေ့ ည(၇း၀၀)အချိန်ခန့်က မုဒိန်းမှုတစ်ခု
ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ မ----၊(၂၆)နှစ်၊(ဘ)ဦးကျော်ဝင်း၊ဗမာ/ဗုဒ္ဓ၊ဈေးရောင်း၊
မှော်ကန်(--)လမ်း၊လိပ်ပြာကန်ရပ်ကွက်နှင့်ကိုအောင်မင်းငြိမ်း၊(၃၅)နှစ်၊(ဘ)ဦးမြင့်ဦး၊
ဗမာ/ဗုဒ္ဓကျဘမ်း၊မ/၈၅၉၊ဆိုရှယ်လစ်(၂)လမ်း၊လိပ်ပြာကန်ရပ်ကွက်နေသူတို့သည်
၂၀၁၃ ခုနှစ်ခန့်က အကြင်လင်မယား အဖြစ်ပေါင်းသင်းနေထိုင်ခဲ့ပြီး
တစ်ဦးနှင့်တစ်ဦး စိတ်သဘောထား ခြင်းမတိုက်ဆိုင်၍ ပဲခူးမြို့နယ်
တရားရုံးတွင် တရားရင်ဆိုင်
နေစဉ်အတွင်းကိုအောင်မင်းငြိမ်းကတရားရုံးမှအပြန်တွင်ရှင်းပြစရာရှိကြောင်းပြောကာဆိုင်ကယ်ဖြင့်တင်ဆောင်ပြီး
ဟံသာဝတီရပ်ကွက် ရှိ ထပ်ဆင့်အသံလွှင့်ရုံးဝင်းအတွင်းရှိ
ကြက်မွေးမြူရေးခြံတွင် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့်မ----မှ
တရာလိုပြု တိုင်တန်းခဲ့ရာပဲခူးမြို့မ
ရဲစခန်းမှ(ပ)၁၇၉/၂၀၁၄ပြစ်မှုဆိုင်ဥပဒေပုဒ်မ၃၇၆ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။
သန့်ဇင်
ပဲခူးမြို့ရဲ့ထူးခြားသတင်းများ
myanmarcnn
No comments:
Post a Comment