04 March 2014

ဟာသဆိုပေမယ့် ပေါတောတောဟာသကားမဟုတ်တဲ့ အတည်ဟာသကားလေးတွေ ရိုက်ကူးတော့မယ် မိုးအောင်ရင်

ဟာသဇာတ်ကားတွေနဲ့ပရိသတ်တွေရဲ့ အားပေးမှုကို လက်ခံရရှိခဲ့တဲ့ မိုးအောင်ရင်ဟာ ခုနောက်ပိုင်းလည်း ပရိသတ်သဘောကျတဲ့ ဟာသကားတွေကိုသာ ရွေးချယ်ရိုက်ကူးတော့မယ်လို့ ဆိုလာတဲ့အတွက် သူနဲ့တွေ့ဆုံခိုက် လတ်တလောအနုပညာလှုပ်ရှားအကြောင်း မေးမြန်းကြည့်တဲ့အခါ ‘အခုရိုက်နေတဲ့ ကားလေးက နာမည်ကယာယီပဲ ပေးရသေးတယ်။ ကျွန်တော်က ဇာတ်လမ်းအကျဉ်း ဖတ်လိုက်တဲ့အချိန်မှာ အရမ်းကြိုက်သွားတယ်။ ပြီးတော့ ဆက်ဖတ်လိုက်တော့ တစ်ဝက်ကနေ စပြီးမကြိုက်တော့ပြန်ဘူး။ အဲဒါနဲ့ လိုချင်တဲ့ပုံစံပြောကြည့်လေ၊ သူပြန်ပြင်ပေးမယ်ဆိုတော့ စဉ်းစားလိုက်ဦးမယ်ဆိုပြီး နောက်တစ်ရက်ပြန်ချိန်းပြီး ပြောရင်းပြောရင်းကနေ ဇာတ်လမ်းခွဲတဲ့သူခေါ်လာတော့ သူလုပ်ထားတာက သူကြိုက်တာရော၊ ကျွန်တော်ကြိုက်တာရော မျှလုပ်ထားတယ်။ ကျွန်တော် လိုချင်တဲ့ကာရိုက်တာကို မရောက်တော့ဘူး။ ကျွန်တော်စိတ်ဝင်စားတာက ဒီကားမှာ ကျွန်တော်က ဒဿနသမား။ ဒီကားအဖွင့်မှာကိုက သူ့နာမည် ဒဿနာအောင်နဲ့ဖွင့်ပြီး တစ်ကားလုံးမှာပါတဲ့ အကြောင်းအရာတွေက လူတွေ မတွေးတဲ့ အတွေးတွေကြီးပဲ။
ယောင်္ကျားရာမိန်းမရော ကိုယ်ဝန်ဆောင်သင့်တာမျိုးတွေ နောက်ပြီး သူ့ရဲ့အတွေးအခေါ်နဲ့ ပတ်သတ်တဲ့အရာတွေနဲ့ သာဦးတည်ထားတာပေါ့။ အခုဇာတ်ညွှန်းကအစ ကိုယ်တိုင်ဝင်ခွဲထားတယ်။ အားလုံးကို ဒီကားမှာ ၀င်ဖန်တီးပေးထားတယ်။ ပြီးတော့ အရင်က ကျွန်တော်ရိုက်ခဲ့တဲ့ဟာသတွေက ပေါတောတောပုံစံတွေများတယ်။ ခုဒီကားမှာက ရယ်ရတယ်။ ဒါပေမဲ့ အတည်ဟာသလေးပေါ့။ အတည်နဲ့လဲ ဟာသလုပ်လို့ရတယ်ဆိုတာကို ပရိသတ်ကိုပြချင်တာပါ။ ဟာသဆိုပေမဲ့ ပရိသတ်ကိုလဲ မရိုးချင်ဘူးလေ။ ထုတ်လုပ်သူကလဲ ဒရာမာတို့ ရိုမန့်စ်တို့နဲ့လဲကျွန်တော့်ကို မသွားစေချင်ဘူးလေ။  အဲဒါနဲ့ နောက်ပိုင်းမှာ ဟာသနဲ့ပဲ ပိုအားပေးကြတဲ့အတွက် နောက်ပိုင်းမှာပဲ အတည်ဟာသလေးတွေ ဆက်ရိုက်ဖြစ်တော့မှာပါ’လို့ သူက ပြောပြခဲ့ပါတယ်။

ခင်ဆွေသက်/ Trend Myanmar

No comments:

Post a Comment