ရန်ကုန်၊ မဇ္ဈိမ။ ။ သင်္ဃန်းကျွန်းမြို့နယ်တွင်
အိမ်ဆောက်ခွင့်မကျသဖြင့် စိတ်ညစ်နေသည့် အမျိုးသားကြီးတစ်ဦး မတ်လ ၁၂ ရက်က
မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့သဖြင့် မြို့နယ်ရဲစခန်းက အမှုဖွင့်
စစ်ဆေးလျက်ရှိသည်။
အဆိုပါ ဖြစ်စဉ်မှာ နံနက် ၂ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ နေအိမ်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူမှာ အမှတ် (၁၃၆)နေ ဦးစိုးမြင့် (၆၆)နှစ်ဆိုသူ ဖြစ်ပြီး နေအိမ်ရှေ့
ရေတမာပင်အမြင့် ၁၁ ပေခန့်တွင် နိုင်လွန်ကြိုးချည်ပြီး
ကြိုးဆွဲချသေဆုံးနေသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။
ရဲဌာနက စုံစမ်းရာတွင် သေဆုံးသူသည် ၎င်းနေအိမ်ကို ကန်ထရိုက်ပေး၍ ဆောက်လုပ်ခဲ့ရာ
အိမ်ပြီးခါနီးအချိန်ထိ ဆောက်လုပ်ခွင့် မကျသေးသည်ကို သိရှိကာ
စိတ်ညစ်နေသူတစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။
သေဆုံးသူတွင်လည်း ပြင်ပဒဏ်ရာ မတွေ့ရှိရသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့
ဆက်လက်တင်ပို့ စစ်ဆေးစေလျက်ရှိသည်။ ထို့ပြင် သေဆုံမှုကို ဓမ္မတာတိုင်း
သေဆုံးခဲ့ရခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးဖော်ထုတ်ပေးရန် ဒုရဲအုပ် ဟံသာအေးက
တရားလိုပြုလုပ် တိုင်တန်းထားသည်။
ထို့ကြောင့် မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၇/၂ဝ၁၄ ဖြင့်
အမှုဖွင့်ပြီး စခန်းမှူးဖြစ်သူ ဒုရဲမှူး သိန်းဟန်က ဆက်လက်စုံစမ်းလျှက်ရှိသည်။
Mizzima Burmese
No comments:
Post a Comment