06 March 2014

အိမ်မှာ အမျိုးသမီးတစ်ယောက်တည်းရှိစဉ် ကြိုးဖြင့်တုပ်ပြီး သိန်း ၈၀ လုယူ

ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တန်း မြို့နယ်တွင် အမျိုးသမီး တစ်ဦး အိမ်၌ တစ် ယောက်တည်း ရှိနေစဉ် မျက်နှာဖုံးစွပ် အမျိုး သား တစ်ဦးက အိမ်အတွင်းသို့ ၀င်ရောက်ကာ အမျိုးသမီးကို ကြိုးဖြင့် တုပ်၍ ကျပ်သိန်း(၈၀) လုယူ သွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်း ထုတ်ပြန် သည်။

ဖြစ်စဉ်မှာ မတ်လ (၄) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် ကျောက်တန်းမြို့နယ်၊ ......... ရပ်ကွက် ၊ ...........လမ်း၊ အမှတ်.......... နေသူ ဒေါ်.............သည် ခင်ပွန်း ဖြစ်သူ အပြင် သွား၍ အိမ်တွင် တစ်ယောက်တည်း ကျန်ခဲ့ သည့်အချိန်တွင် အရပ် ငါးပေ ခြောက်လက်မ ခန့်ရှိပြီး၊ အင်္ကျီ အဖြူ၊ ပုဆိုး အ၀ါဖျော့ ၀တ်ဆင် ကာ မျက်နှာတွင် ကလေး ကစားသည့် အရုပ် ပုံပါ မျက်နှာဖုံး စွပ်ထား သော လူတစ်ယောက် ၀င်ရောက်ပြီး၊ ဒေါ်...........အား မျက်နှာအုပ် ကာ ခြေလက် တို့အား ကြိုးဖြင့် တုပ်ပြီး ဗီရိုအ တွင်းရှိ ကျပ်သိန်း ရှစ်ဆယ်ကို ယူဆောင် သွား ကြောင်း ရဲမှတ်တမ်း များတွင်ဖော်ပြ ထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်........ ၏ ခင်ပွန်း ဖြစ်သူမှ တရားလိုပြု တိုင်တန်း မှုအား ကျောက်တန်းမြို့မရဲစခန်း (ပ)၃၇/၁၄၊ ပြစ်မှု ပုဒ်မ (၃၉၂)ဖြင့် အမှု ဖွင့်ပြီး၊ ပြစ်မှု ကျူးလွန် သူအား ဖမ်းဆီး ရမိရေး အတွက် စုံစမ်း ဆောင် ရွက်နေကြောင်း ပထမ သတင်းပေး ချက်များ အရ သိရသည်။

The Messenger

No comments:

Post a Comment