31 March 2014

ဒီနှစ်က သူ့အတွက် မင်္ဂလာ ရှိတဲ့နှစ်ပါပဲလို့ ဖွင့်ဟလာတဲ့ ဆုပန်ထွာ

လတ်တလော မှာတော့ ဆုပန် ထွာက ဇာတ်လမ်းတို ရိုက်ကူးဖြစ်နေ ပြီး အချိန်ရရင် ရသလို တခြား အနု ပညာ လှုပ်ရှားမှုတွေကို လုပ်ဖြစ်နေ တယ်လို့ သိရပါတယ်။ ဒီနှစ် ထဲမှာ တော့ မောင်ဖြစ်သူရဲ့ မင်္ဂလာဆောင် ရှိတဲ့ အတွက် ကိုယ်တိုင်ကတော့ မင်္ဂလာ သတင်း ကြားရဖို့တော့ လုံးဝ မဖြစ်နိုင်သေးပါဘူး လို့ ဆုပန်ထွာ က ပြောပါတယ်။

“ဒီနှစ်ထဲမှာ မပန်ရဲ့ မင်္ဂလာ သတင်းတော့ မရှိသေးပါဘူး။ သေချာရင်တော့ ပရိသတ်ကို အသိ ပေးမှာပါ။ အိမ်ထောင်ပြု ဖြစ်တယ်ဆို ရင်တော့ အသိပေးမှာပါ။ ဒီနှစ်ထဲ မှာ တော့ မယူဖြစ်သေးပါဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ မပန်ရဲ့ မောင်လေးက ဧပြီလ၂ ရက်နေ့မှာ မင်္ဂလာဆောင်ဖို့ ရှိတယ်။ သူ့မင်္ဂလာဆောင်လေး ရှိနေ တော့ မပန် အနေ နဲ့ ဒီနှစ်ထဲတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ်က မိန်းကလေး ဆိုတော့ ကိုယ့်ကို ယူချင် တဲ့သူရှိမှ ယူလို့ရမှာပေါ့။ မပန်တို့ မောင်နှမတွေ အားလုံးက အိမ်ထောင် ကိုယ်စီ ကျကုန်ကြပြီ။
မပန် တစ်ယောက်ပဲ ကျန်တော့တယ်။ ဒီနှစ်ကတော့ မပန် အတွက် မင်္ဂလာရှိ တဲ့နှစ်ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့

မပန် မောင်လေး ကလည်း မင်္ဂလာဆောင် ရှိတယ်။ နောက်ပြီး ညီမ အငယ်ဆုံးလေး ကလည်း တူမလေး တစ်ယောက် ထပ်မွေးတယ် ဆိုတော့ မင်္ဂလာ သတင်းတွေပဲ ကြားနေရတယ်။ မပန်ရဲ့ အချစ်ရေး ကတော့ ဘာမှ ထူးထူးခြားခြား မရှိသေးပါဘူး။ ဒီနှစ်ထဲ မှာတော့ လုံးဝ မင်္ဂလာ သတင်း မရှိဘူး။ ပြီးတော့ မြန်မာတွေ အယူ ဆိုရင် တစ်နှစ်ထဲမှာ နှစ်မင်္ဂလာ လည်း မလုပ်ရဘူး ဆိုတာမျိုး ပြော ကြတယ်။ မပန်ရဲ့ လက်တွဲဖော် က မပန် ချစ်ဖို့ထက် မပန်ကို ချစ်ဖို့ပဲ လိုပါတယ်။ ဆင်းရဲ တာ၊ ချမ်းသာတာက အဓိက မဟုတ် ပါဘူး လို့ ဆိုပါတယ်။

လွင်လွင်ထွန်း/popularmyanmar

No comments:

Post a Comment