ရန်ကုန်၊ မဇ္ဈိမ ။ ။ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခံရမှုတွက်
ပြုမှုကျူးလွန်သူဟု ယူဆထားသူ ညီအစ်ကိုနှစ်ဦးကို အမှုဖွင့်
တိုင်တန်းထားသဖြင့် ထန်းတပင်မြို့နယ် တော်လတဲ့နယ်မြေရဲစခန်းက မတ်လ ၁
ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က
သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အမှုကို တန်းတပင်မြို့နယ် ကျေးရွာတစ်ခုရှိ အသက် (၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးက အမှုဖွင့် တိုင်တန်းထားသည်။
အမှုမှာ ည ၉ နာရီအချိန်က အစ်မဖြစ်သူ၏ နေအိမ်မှ အစ်မယောက္ခမဖြစ်သူ နေအိမ်သို့
သွားရောက်စဉ်တွင် လမ်းတွင် ဆွဲခေါ်ခံရပြီး အဓမ္မပြုကျင့်ခံလိုက်ရသည်ဟု
အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။
ရွာလယ်လမ်းဘေး၊ ကွင်းစပ်အရောက်တွင် ယခင်က ခင်မင်ရင်းနှီးသည့်
ကျော်သူရ(ခ)ငမုတ် (၂ဝ)နှစ်၊ လယ်လုပ်နှင့် ညီအစ်ကိုတော်စပ်သူ ရှိုင်းကို
(၂၃)နှစ်တို့နှင့် တွေ့ဆုံခဲ့သည်ဟု တရားလိုက ဆိုထားသည်။
တွေ့ဆုံစဉ် အဆိုပါ ညီအစ်ကိုနှစ်ယောက်က ပါးစပ်ပိတ်ကာ ၄င်းတို့နေထိုင်သည့် ဘမောက်ဝဲကျေးရွာနေအိမ်သို့ ဆွဲခေါ်သွားပြီး
ကျော်သူရ(ခ)ငမုတ်က အလိုမတူဘဲ သားမယားအဖြစ် (၃)ကြိမ်ထိ ပြုကျင့်ခဲ့သည်ဟု ရဲထံတွင် အမှုဖွင့် တိုင်တန်းထားသည်။
ထို့ကြောင့် ထန်းတပင်မြို့နယ် တော်လတဲ့နယ်မြေရဲစခန်းက (ပ)၁၂/၂ဝ၁၄ဖြင့်
အမှုဖွင့်ပြီး တိုင်တန်းခံရသူနှစ်ဦးကို ဖမ်းဆီး စစ်ဆေးနိုင်ရန်
စုံစမ်းရှာဖွေနေပြီး ပြစ်မှုမှန်ကန်ပါကလည်း ပုဒ်မ ၃၇၆/၁၁၄ တို့ဖြင့်
အရေးယူသွားမည်ဟု သတင်းထုတ်ပြန် ထားသည်။
ဇော်ဇော်ထွေး/Mizzima - News in Burmese
No comments:
Post a Comment