14 March 2014

ဆယ်တန်းမဖြေဘဲ တက္ကသိုလ်ဆရာမကိုခိုးပြေးတဲ့ ၁၆ နှစ်သား

ဂရပ်ဖစ် - http://wide-wallpapers.net
ရန်ကုန်မြို့ရဲ့ နာမည်ကျော် ဒဂုံ အထက ၁  ကျောင်းက ကျောင်းသားတဦးက စာမေးပွဲဖြေဖို့ရက်ပိုင်းအလိုမှာ ရန်ကုန်တက္ကသိုလ်က လက်ထောက်ကတိထ တဦးကို ခိုးယူသွားတယ်ဆိုတဲ့အကြောင်း ဒီကနေ့ထုတ် 7Day သတင်းစာမှာ မျက်နှာဖုံးသတင်းအဖြစ် တွေ့ရပါလိမ့်မယ်။သူက ၁၆ နှစ်မပြည့်သေး၊ ဆရာမက ၄၁ နှစ်။ ပြီးတော့ သူက  ဆရာမရဲ့မိဘတွေကို မစိုးရိမ်ကြဖို့ မန္တလေးကနေ ဖုန်းဆက် အကြောင်းကြားတယ်၊ ဆရာမရဲ့မိဘတွေက ဒီကျောင်းသားကို အမှုဖွင့်ထားတယ်လို့ သတင်းထဲမှာ တွေ့ရပါတယ်။

တကယ့်ဖြစ်ရပ်မှန်က ဘယ်လိုဖြစ်နေမလဲ?သူတို့နှစ်ယောက် မန္တလေးမှာ တကယ် ရှိနေသလား?
သူက ဆရာမ သဘောမတူဘဲ ခိုးပြေးတာလား?နှစ်ဦးသဘောတူ ထွက်ပြေးကြတာလား?


စသဖြင့် စသဖြင့်သော မေးခွန်းတွေ ထွက်လာပါတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတပုဒ်ဖြစ်တဲ့အတွက် ပရိသတ်များအတွက် ပြန်လည် ဖောက်သည်ချလိုက်ပါတယ်။
သတင်းထဲမှာ ရှေ့နေ ၂ ဦးရဲ့ အမြင်တွေကိုလည်း ရေးထားပါတယ်။

၁၆ နှစ် မပြည့်သေးသူကို ဒီအမှုနဲ့ စွဲလို့ ရသလား?
ကြေအေး ပြေလည်မှု ရသွားနိုင်သလား?
ဒီဖြစ်ရပ်မတိုင်ခင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုအခြေအနေ ရှိသလဲ?
ဆိုတာတွေကလည်း မေးစရာပါ။
နောက်ဆက်တွဲသတင်း မကြာခင် ဖတ်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
သူငယ်ချင်းတွေ ဆယ်တန်းစာမေးပွဲနဲ့ နပမ်းလုံးနေချိန်မှာ ဒီသတင်း ထွက်လာတာပါ။
စာမေးပွဲက မကြာခင် ရက်ပိုင်းအတွင်း ပြီးပါတော့မယ်။

သူက စာမေးပွဲလိုပဲ ဘ၀အတွက် အရေးကြီးတဲ့ ကဏ္ဍတခုကို ဖွင့်လိုက်ပါပြီ။ စာမေးပွဲကိုတော့ လာမယ့်နှစ်ဒီအချိန်မှ ဖြေမယ်လို့ ယူဆရပါတယ်။

The Irrawaddy

 


No comments:

Post a Comment