မလေးရှားအဲလိုင်း 370 ဟာ နောက်ဆုံးအတည်ပြုနိုင်တဲ့နေရာကနေ နောက်ထပ်
လေးနာရီလောက် ဆက်လက်ပျံသန်းခဲ့တယ်လို့ အမေရိကန်စုံစမ်းသူတွေက
သံသယရှိကြောင်း စုံစမ်းမှုနဲ့နီးစပ်သူတွေက ပြောတဲ့အတွက် လေယာဉ်ဟာ
ဘာမှန်းမသိရတဲ့အခြေအနေမှာ နောက်ထပ် မိုင်ပေါင်းရာနဲ့ချီပြီး
ပျံသန်းခဲ့တဲ့ဖြစ်နိုင်ချေတွေ တွေ့ရပါတယ်။
ဘိုးရင်းကုမဏီထုတ် ၇၇၇ အင်ဂျင်ကနေ မြေပြင်ကို
အလိုအလျောက်ပေးပိုတဲ့အချက်အလက်တွေအရ လေယာဉ်ဟာ စုစုပေါင်း ငါးနာရီ
ပျံသန်းခဲ့ကြောင်း လေကြောင်းစုံစမ်းစစ်ဆေးသူတွေနဲ့
အမျိုးသားလုံခြုံရေးတာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။ သည်အတွက် စနေနေ့က
ရေဒါကပျောက်ဆုံးသွားတဲ့ လူ ၂၃၉ ဦးပါ လေယာဉ်ပေါ်မှာ
ဘာတွေဖြစ်သွားလဲဆိုတဲ့အပေါ် မေးခွန်းသစ်တွေ၊ ဖြစ်နိုင်ချေအသစ်တွေ
ထပ်မံထွက်ပေါ်လာပါတယ်။
လေယာဉ်ပေါ်က လေယာဉ်မှုးတစ်ယောက် ဒါမှမဟုတ်
ပါလာသူတစ်ယောက်ယောက်က ရေဒါကနေ ခြေရာမခံနိုင်အောင် လေယာဉ်ပေါ်က အချက်ပြမှုကို
တမင်သက်သက်ပိတ်ခဲ့တယ်ဆိုတဲ့ဖြစ်နိုင်ချေကို
အမေရိကန်အကြမ်းဖက်မှုတိုက်ဖျက်ရေးတာဝန်ရှိသူတွေက တွက်ချက်နေကြောင်း အမှုကို
ခြေရာခံသူတစ်ဦးက ဆိုပါတယ်။
Ref: Wall Street Journal
Author စုပြည့်စုံ
The Modern News Journal
No comments:
Post a Comment