06 March 2014

နိုင်ငံတော်သမ္မတနှင့် ရုပ်ရှင်လောကသားများတွေ့ရန်ရှိဟု ရုပ်ရှင်ဥက္ကဋ္ဌ လူမင်းပြောကြား

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် ရုပ်ရှင်လောကသားများ တွေ့ရန် ရှိကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလှူမင်းက ပြောသည်။မတ်လ ၁ ရက် ညနေ ၄ နာရီ က နေပြည်တော်ရှိ MICC  ခန်းမပြည်လုံး ကျွတ်သန်းခေါင်စာရင်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းတို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံခဲ့ခြင်းနဲ့ ပတ်သက်ပြီး ”သမ္မတကြီးက အချိန်ယူပြီးတွေ့ဖို့ရှိတယ်လို့ ပြောတယ်။ ရုပ်ရှင်လောက သားတွေ နဲ့ တွေ့ချင်နေတာ ကြာပြီလို့ ပြောတယ်။ ရုပ် ရှင်လောကသားတွေကို လည်း အားပေးပါတယ်။ တော်တော် ရင်းရင်းနှီးနှီးနဲ့ ပထမဆုံးအကြိမ် ပြော ဖြစ်တာပါ။ ရုပ်ရှင်လောကရဲ့ အခြေအ နေတချို့ကိုလည်း တင်ပြဖြစ် ခဲ့တယ်။ သမ္မတက အခုဆိုရင် အဖွဲ့အစည်းတော် တော်များများနဲ့ တွေ့ဆုံနေတယ်။ တိုင်း ပြည်က အခုဆိုရင် ဘုရင်ခေတ်ကလို အုတ်တံတိုင်းကြီး လေးဖက်လေးတန် ကာရံပြီးတော့ ကိုယ့်ထီးကိုယ့်နန်းလုပ်လို့ ရတဲ့ ခေတ်မဟုတ်ဘူးလေ။ စီးပွားရေး သမားတွေ၊ နိုင်ငံရေးသမားတွေ စတဲ့ ဟာတွေနဲ့လည်း တွေ့ရမှာပဲလေ” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ က ရှင်းပြခဲ့သည်။

popularmyanmar

No comments:

Post a Comment