၂၀၁၄ ခုနှစ် ရန်ကုန် သင်္ကြန် ကာလ အတွင်း အင်းယားကန် ပေါင် ရှိ မဏ္ဍပ် များတွင်
မိုဘိုင်း သန့်စင် ခန်း များ ထားရှိရမည်ဖြစ် ကြောင်း၊ ရန်ကုန် မြို့တော်
စည်ပင်သာယာရေး ကော်မတီ ပတ် ၀န်းကျင် ထိန်းသိမ်း ရေး နှင့် သန့်ရှင်းရေး ဌာန
မှ သိရ သည်။
ထိုသို့ ထားရှိရန်အတွက် မိုဘိုင်း သန့် စင်ခန်း တစ်လုံး လျှင် ကျပ်
ငွေတစ်သောင်း နှုန်းနှင့် မဏ္ဍပ်တစ်ခု လျှင်မိုဘိုင်းသန့်စင်ခန်း
လေးလုံးငှားရမ်းထားရှိရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်
သန့်ရှင်းရေး ဌာနမှ အကြီးတန်းအရာရှိက The Messenger သတင်းစာ သို့
ပြောသည်။သင်္ကြန်ပြီး သွားရင် အင်းယားကန် ကြီးက ပျက်စီးပြီး ကျန်ခဲ့တယ်။
ဒါကို ပြန်ပြီး ထိန်းသိမ်းဖို့က ခက်ခဲတယ်။ ဒါကြောင့် ဒီ ကန်ကြီး
မပျက်စီးအောင် လုပ်တာပါ”” ဟု ၎င်း ကပြောသည်။ ထို မိုဘိုင်း သန့်စင်ခန်း
များများသို့ နေ့စဉ် မိလ္လာစုပ်စက် များဖြင့် လာ ရောက် စုပ် ယူမည် ဖြစ်ပြီး၊
မိုဘိုင်း အိမ်သာ များ ပျက်စီး ပါက တန်ဖိုး အတိုင်း တစ်လုံးလျှင် ကျပ်
(၁၅) သိန်း ပေး လျော်ရမည်ဖြစ်ကြောင်း ၎င်းင်းက ထပ်လောင်း ပြောကြားသည်။
သင်္ကြန်အတွင်းမှာက အကုန် လုံး နီးပါးက မူးနေ ကြတာ။ ပျက်စီး ဆုံးရှုံးရင် (၁၅)
သိန်း လျော်ခိုင်းတာ ထက် ပျက်စီးသွား တဲ့ အတိုင်း အတာလောက်ကိုပဲ
ညှိနှိုင်းပေး ရင် ပိုကောင်းတာပေါ့ ဟု လာမည့် သင်္ကြန် တွင်
မဏ္ဍပ်ဆောက်လုပ်ခွင့်အတွက် လျှောက် လွှာတင်ထား သူ တစ်ဦးက ပြောသည်။ လက်ရှိ
ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော် မတီတွင် မိုဘိုင်းသန့်စင်ခန်းအလုံး
(၉၀)ရှိ ပြီး၊ ယခင်နှစ်များက ကန်ပက်လမ်းနှင့် ကမ္ဘာ အေး ဘုရားလမ်းပေါ်ရှိ
မဏ္ဍပ်ကြီးများအနီး တွင် မိုဘိုင်းအိမ်သာများထားရှိပေးကြောင်း
ရန်ကုန်မြို့တော် စည် ပင် သာယာရေးကော် မတီပတ်ဝန်းကျင်နှင့်
သန့်ရှင်းရေးဌာနမှ သိရ သည်။
MWD
No comments:
Post a Comment