02 March 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မီဒီယာများပထမဆုံးအကြိမ်တွေ့ဆုံမည်

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည်ပထမဆုံးအကြိမ်အဖြစ် မီဒီယာများနှင့် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

မတ် ၅ ရက်နေ့ မွန်းလွဲပိုင်း တွင် တွေ့ဆုံမည့်ယင်းတွေ့ဆုံပွဲ အတွက် ပြည်တွင်းမီဒီယာများသို့  မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနမှ တစ်ဆင့်ဖိတ်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲအတွက် မီဒီယာများမှတက်ရောက်မည့်သူ များသည်မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာန၌ အချက် (၁၀) ချက်ပါ ကိုယ်ရေးအချက်အလက်ပုံစံများ   ဖြည့်စွက်၍မတ် ၂ ရက် ညနေ ၆ နာရီနောက်ဆုံးတင်ပြရကြောင်း သိရသည်။


“အလွတ်သဘောတွေ့ဆုံပွဲ  လို့လည်းပြောတယ်။ မေးခွန်းမေး မြန်လိုပါက မတ် ၄ ရက်နောက် ဆုံးဖက်စ်နဲ့ ပို့ရမယ်လည်းပါတယ်ဆို တော့ စာနယ်ဇင်းရှင်းလင်းပွဲလို့  လည်းပြောလို့ရမယ်ထင်ပါတယ်”ဟု ပြည်တွင်းသတင်းအယ်ဒီတာတစ် ဦးကဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်အနေဖြင့် တပ်မတော်ကာကွယ်  ရေးဦးစီးချုပ်တာဝန်စတင်ထမ်း ဆောင်ချိန်မှ စတင်ကာယနေ့အထိ  ကာလအတွင်း ပြည်တွင်းမီဒီယာ များနှင့် တွေ့ဆုံမှုမှာယခုအကြိမ်  သည်ပထမဆုံးအကြိမ်ဖြစ်သည်။

လက်ရှိပြည်တွင်း၌ အရှိန် အဟုန်ပြင်းထန်လျက်ရှိသော ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးတို့တွင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏အခန်း ကဏ္ဍမှာ အထူးအရေးပါလျက်ရှိ နေချိန်တွင် ယခုကဲ့သို့ပြည်တွင်း  မီဒီယာများနှင့် ဗိုလ်ချုပ်မှူးကြီး၏ တွေ့ဆုံမှုမှထူးခြားသောရလဒ် ကောင်းများထွက်ပေါ်လာနိုင်မည် လားဆိုသည်ကို စိတ်ဝင်စားစွာ  စောင့်မျှော်မိကြောင်း စာနယ်ဇင်း  လောကသားတို့ကဆိုသည်။

ခြေမြန်တော်
hot news weekly

No comments:

Post a Comment