၁၈.၃.၂၀၁၄ ရက်နေ့ ၁၄၃၀အချိန် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာဆေးရုံသို
အမျိုးသားတစ်ဦးဓါတ်လိုက်သေဆုံးရောက်ရှိနေကြောင်းသတင်းအရသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ့ ပြည့်ဖြိုးကျော်၊ (၁၈)နှစ်၊ ၀ရိန်လုပ်သား၊ (ဘ)ဦးသိန်းရွှေ၊ (၄)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်နေသူဖြစ်ပြီး ၎င်းတွင် ယာလက်ညှိုးပွန်းဒဏ်ရာ
(၁)ချက်၊ ၀ဲခြေသလုံးပွန်းပဲ့ဒဏ်ရာ(၁)ချက်တို့ရရှိထားသည်ကို စစ်ဆေး
တွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၁၄၀၀ အချိန်ခန့်က သေဆုံးသူသည် ရွှေသံလွင်
စက်မှုဇုန်၊ BOGARD အထည်ချုပ်စက်ရုံ အဆောက်အအုံသစ်ဆောက်လုပ်
နေသည့် လုပ်ငန်းခွင်၌ ဂျပ်ဆင်ဘုတ်များအား လျှပ်စစ်ဂန်းဖြင့် မူလီစုပ်
နေစဉ် ပေါက်နေသော လျှပ်စစ်ဂန်းဝါယာကြိုးနှင့်ထိမိကာ ဓါတ်လိုက်
သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် ၁၃/၂၀၁၄ဖြင့်ရေးဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိ
ပါသည်။
Yangon Police
No comments:
Post a Comment