ဟောင်ကောင်
မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦး ဟာ သူ့အပေါ် ခြိမ်းခြောက်မှု တွေ ပြု လုပ်
ခဲ့တဲ့ ချစ် သူ ဟောင်း ဖြစ်သူရဲ့ လုပ်ရပ် ကို သည်းမခံနိုင် တဲအ ဆုံး
လိင်အင်္ဂါ ကို ကတ်ကြေး နဲ့ ဖြတ် တောက် ပြီး တူနဲ့ ထုရိုက် သတ်ခဲ့ တယ် လို့
သိရ ပါတယ်။ ဒီအမှုကို ဟောင်ကောင် တရားရုံးတော်က စတင်ကြားနာမှုတွေ ပြုလုပ်
နေပြီဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုး သမီးဟာ ကလေး အမေ တစ်ဦး
ဖြစ်ပြီး၊ အသတ် ခံရတဲ့ ချစ်သူ ဟောင်း ကလည်း လက်ထပ်
ထိမ်းမြားထားသူဖြစ်ပါတယ်။ သူတို့ နှစ်ဦး ဟာ နှစ်ပေါင်းအတော်ကြာ ချစ်ကြိုက်
ပြီး နောက် ကွဲကွာ သွားခြင်း ဖြစ်ပါတယ်။ အသက် (၃၂) နှစ် အရွယ် ရှိ
စန္ဒရားတီး သင်တဲ့ ဆရာမ ယန်ကီဟာ ဟောင် ကောင် ကို လာရောက် လည်ပတ်တဲ့
အချိန်မှာ အသက် (၄၁) နှစ် အရွယ် ဇောင်ဟူနဲ့ ဆုံတွေ့ ခဲ့ခြင်း ဖြစ်ပါ တယ်။
ယန်ကီဟာ အိမ်ထောင်နှစ်ခါ ကျခဲ့ဖူးပြီး၊ ယောက်ျားဖြစ်သူနဲ့
ကွာရှင်းပြီးတဲ့နောက်မှာ ဇောင်ဟူနဲ့ ဆုံတွေ့ခဲ့တာပါ။ ဇောင်ဟူဟာ ယန်ကီနဲ့
ပေါင်းသင်းခဲ့ရာမှာ ကိုယ်ဝန်ရသွား ပြီးတဲ့ နောက် ထွက်ပြေး သွားခဲ့ပါ တယ်။
ယန်ကီရဲ့ ကိုယ်ဝန်ကိုလည်း ဖျက်ချဖို့ တိုက် တွန်းခဲ့ပြီး၊
တာဝန်မယူနိုင်လို့ ထွက်ပြေးသွား ခဲ့တာဖြစ် ပါ တယ်။ ယန်ကီဟာ ကားဝယ်ဖို့
အကူအညီတောင်းခံခဲ့တဲ့ ဇောင်ဟူကို ဒေါ်လာ (၂၈၀၀၀)ချေးငှားခဲ့ရပြီး၊ အဲဒီငွေ
ကိုလည်း ပြန်မရပါဘူး။ ကလေး မွေးပြီး တဲ့နောက်မှာ ဇောင်ဟူ ဟာ ယန်ကီ ကို
ပြန်လည်ဆက်သွယ် ပြီး ခြိမ်း ခြောက် မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါ တယ်။ ယန်ကီ
ရဲ့ အ၀တ်ဗလာပုံ တွေကို အင်တာနက် ပေါ်လွှင့်တင် မယ် လို့
ခြိမ်းခြောက်ပြီး အလိုမတူဘဲ အကြိမ်ကြိမ် အဓမ်္မကျင့်ခဲ့ပါ တယ်။
နောက်ဆုံး အသက်လေး နှစ် အ ရွယ် သမီးဖြစ်သူကို ရိုက်နှက်မှု
တွေပြုလုပ်လာခဲ့ပါ တယ်။
တစ်နေ့မှာ ဇောင်ဟူဟာ ယန်ကီအိမ်
ကို လာရောက်ရင်း အလိုမတူဘဲ အဓမ္မပြု ကျင့် ပြီးတဲ့နောက် ရေ အိမ် ထဲ
ဝင်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ယန်ကီဟာ ဇောင်ဟူရဲ့ လိင် အင်္ဂါကို
ကတ်ကြေးနဲ့ ဖြတ်တောက် ပြီး တူနဲ့ ထုရိုက်သတ်ခဲ့တာ ဖြစ်ပါတယ်။ တရားရုံးတော်
မှာ ယန်ကီက ဇောင်ဟူရဲ့ နှိပ်စက်မှုတွေကို မခံ နိုင်လို့ အ ခု
လိုပြုလုပ်မိသွားတာဖြစ်ပြီး၊ လူသတ်မှုကျူးလွန်ခဲ့တာ မဟုတ်ကြောင်း ထွက်
ဆိုမှုပြုလုပ်ထားပါတယ်။
The Messenger
No comments:
Post a Comment