သတ္တဌာနဘုရား
သရက်မြို့ သတ္တဌာန ဘုရားဝင်းအတွင်း ကျင်းပသည့် လက်ဝှေ့ပြိုင်ပွဲတွင်
ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့၍ သရက်မြို့မှ ဆယ်အိမ်မှူးတစ်ဦးကို
ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသိုင်းအဖွဲ့များက သရက်မြို့ပေါ်ရှိ သိုင်းဆရာများ နှင့်
ပူးပေါင်း၍ မတ်လ ၂၇ ရက်ည အချိန်က လက်ဝှေ့ပြိုင်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။
ပွဲစဉ်တစ်ခုတွင် လက်ဝှေ့ သမားတစ်ဦး လဲကျနေစဉ် ပြိုင် ဘက်ဖြစ်သူ
တိုင်းအဆင့်ရှိ သရက်မြို့သားလက်ဝှေ့သမားက ခြေ ထောက်ဖြင့် ကန်သည်ဟုဆိုသည်။
ခြေဖြင့် ကန်သူကို ကြိုးဝိုင်းဒိုင်က ၀င်ဆွဲရာ ဒိုင်ကိုပါ
ဆွဲလှဲချလိုက်သည်။ ထိုဖြစ်စဉ်ကို ပြည်မြို့သားတစ်ဦးက အောက်မှ
အော်ဟစ်ကန့်ကွက်ရာ လက်ဝှေ့ပွဲသို့လာရောက်ကြည့်နေ
သည့်သရက်မြို့ခံမိန်းမများနှင့် ယောက်ျားများက ၎င်းအား
ဝိုင်းဝန်းထိုးကြိတ်ကြကြောင်း ပြိုင်ပွဲတာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘သိုင်းသမားတွေပေါင်းပြီး လက်ဝှေ့ပွဲလုပ်ကြတာ။ ဆယ် ကျော်သက်လူငယ်တွေနဲ့
အပျော် ကြားပွဲတွေလည်း ထိုးခဲ့ကြတယ်။ လေးပွဲမြောက် နောက်ဆုံးပွဲမှာ ပွဲ
ပြီးခါနီးမှ ရုန်းရင်ဆန်ခတ်ဖြစ်ကြ တာ’’ဟု
အဆိုပါလက်ဝှေ့ပြိုင်ပွဲကိုကြည့်ခဲ့သူတစ်ဦးကပြောသည်။
‘‘ဟုတ်ကဲ့၊ ပွဲပြီးခါနီးကျ တော့ ပြည်သားနဲ့ သရက်သား တွေနဲ့
ရိုက်ကြပါတယ်ခင်ဗျာ။ ခုံ တွေနဲ့ ရိုက်ပါတယ်။ ခုံတွေ ကုန် တော့
ကန်တော့ပွဲတွေက အုန်း သီးတွေနဲ့ ထုပါတယ်ခင်ဗျာ။ အုန်းသီးကုန်သွားတော့
ဆိုင်းဝိုင်း က ဗုံတွေယူပြီးပစ်ပါတယ်ခင် ဗျာ။ ပတ်မကြီးနဲ့ ပေါက်ဖို့ ဖြုတ်
နေတဲ့ အဆိုးဆုံးပုဂ္ဂိုလ်ကို ဖမ်းပြ တော့ သရက်သားတွေ ရှဲသွား ပါတယ်ခင်ဗျာ။
အဲဒီလူကတော့ သရက်မြို့တောင်မင်းတည်းရပ် ကွက်က ဆယ်အိမ်ခေါင်းပါတဲ့
ခင်ဗျာ’’ဟု ယင်းလက်ဝှေ့ပြိုင်ပွဲ ကို ကြည့်ရှုခဲ့သူ အမျိုးသားတစ် ဦးကလည်း
ဟာသနှော၍ ပြော သည်။
ထို့ကြောင့် ပတ်မကြီးတစ် လုံး ထိုးဖောက်ခံရပြီး အသံချဲ့ စက်
ဖွင့်စက်တစ်လုံးပျက်စီးကာ ပလတ်စတစ်ခုံ ၁၄ လုံးကျိုးခဲ့သည်။ပြည်မြို့ဒေသခံ
အမျိုးသား တစ် ဦးဒဏ်ရာရကာ သရက်မြို့ တောင်မင်းတည်းရပ်ကွက်မှ
ဆယ်အိမ်မှူးတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်းသတင်းရရှိသည်။
အဆိုပါလက်ဝှေ့ပြိုင်ပွဲကို မတ်လ ၂၇ ရက်ည ၈နာရီတွင် စတင်ခဲ့ရာ ပရိသတ် ၃၀၀
ကျော်က ၀င်ကြေး ၁၅၀၀ ကျပ်စီပေးကာ ကြည့်ရှုခဲ့ကြပြီး ည ၁၁ နာရီ မိနစ် ၃၀
ခန့်တွင် ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Author: သန်းဌေး
7DAY DAILY
No comments:
Post a Comment