04 March 2014

ကူမင်းဘူတာရုံ သတ်ဖြတ်မှုတွင် ပါဝင်သူ ၃ ဦး တပ်မံဖမ်းမိဟု တရုတ်ရဲပြော

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ဘူတာရုံသတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်သူ နောက်ထပ် ၃ ဦးကို ဖမ်းဆီးရမိတယ်လို့ တရုတ်ရဲတွေက ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အဗ္ဗဒူရယ်လ်ဟင် ကာလ်ဘန်း ခေါင်းဆောင်တဲ့ အကြမ်းဖက်ဂိုဏ်းက အကြမ်းဖက်မှု အတွက် တာဝန်ရှိတယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဆိုပါတယ်။

အကြမ်းဖက်သူ ၄ ယောက်ကိုတော့ နေရာမှာတင် ရဲတွေက ပစ်သတ်ခဲ့ရပြီး ဒဏ်ရာနဲ့ အမျိုးသမီးတဦးကိုတော့ အကြမ်းဖက်ခဲ့တဲ့ ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ညမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဓားတွေနဲ့ ဝှေ့ယမ်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ လူ ၂၉ ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၄၃ ဦးလည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။


တရုတ်သမ္မတ ရှီကျင့်ပင်းက အရေးပေါ်လုံခြုံရေးတပ်ဖွဲ့တွေကို စေလွှတ်ခဲ့ပြီး တာဝန်ရှိသူတွေကို အမြန်ဆုံး ရုံးတင်ဖို့ အမိန့်ပေးခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုလည်း အထိရောက်ဆုံး ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ကူမင်းဘူတာရုံတိုက်ခိုက်မှုကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်းကီမွန်း အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

DVB Burmese

No comments:

Post a Comment