၂၀၁၄ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့ (၁၆း၃၀) အချိန်တွင်
ဒုံဇရစ်ကျေးရွာသုဿာန်ကုန်းဆင်းတွင် လယ်ထွန် စက်တစ်စီး တိမ်းမှောက်ကြောင်း
သတင်းအရ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ
ကျုံချောင်းကျေးရွာမှ ဒုံဇရစ်ကျေးရွာသို့ ယာဉ်မောင်း ပီနဲ (၃၅) နှစ်၊ (ဘ)
ဦးထွန်းနီ၊ နတ်ကတော်ခင်းကျေးရွာ၊ ညောင်လေးပင်မြို့နေသူ မောင်းနှင်လာသော
Zetor ၆၇၁၁ အမျိုးအစား အပြာရောင်လယ်ထွန်စက်၊ နောက်တွဲပါ
(ယာဉ်အမှတ်တပ်ဆင်ထားခြင်းမရှိ) သည် ဒုံဇရစ်ကျေးရွာသုဿာန်
ကုန်းဆင်းအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့်
ယာဉ်မောင်းပီနဲမှာ လယ်ထွန်စက်နောက်ဘီးဖြင့် ပိမိသဖြင့် မျက်နှာ၊
နှာခေါင်းတို့တွင် ဖူးရောင် ညိုမဲ၊ ကျောကုန်းတွင် ချိုင့်ဝင်ဒဏ်ရာများ
ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သဖြင့် ယာဉ်အား ပေါ့ဆစွာ
မောင်းနှင်သူ ပီနဲအား အရေးယူပေးရန် ၂၀၁၄ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့ (၁၇း၁၅)
အချိန်တွင် ဒုရဲအုပ် စိုးတင့်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး အမှုအား
ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar
No comments:
Post a Comment