အမေရိကန် ကျန်းမာရေး အာဏာပိုင် များသည် အမျိုးသမီး အချင်းချင်း ကြား ရှား
ရှားပါးပါး အိပ်ခ်ျ အိုင်ဗွီ ကူးစက်မှု တစ်ခုကို သံသယ ဖြစ်ဖွယ် တွေ့ရှိ
ခဲ့ရကြောင်း သိရ သည် ။
အမေရိကန်အစိုးရ၏ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟို ဌာန က အသက်
၄၆နှစ် အ ရွယ် ရှိ အမျိုးသမီးတစ်ဦး သည် တက္ကဆတ်မှ
အိပ်ခ်ျအိုင်ဗွီပိုးရှိနေသူ အမျိုးသမီးတစ်ဦးနှင့် လိင်တူဆက်ဆံမှု ပြု
လုပ်ခဲ့ပြီးနောက် ကူးစက်ခံခဲ့ရဖွယ်ရှိကြောင်း ဆိုသည်။ အမည်ထုတ်ပြန်ထားခြင်း
မရှိသည့် ယင်း အမျိုးသမီးမှာ အတိတ်ကာလကလည်း လိင်တူ
နေထိုင်ဆက်ဆံမှုများရှိခဲ့သော်လည်း ပြီးခဲ့သည့်ဆယ်နှစ်အတွင်း
အိပ်ခ်ျအိုင်ဗွီ ကူး စက်မှုများ မရှိခဲ့ကြောင်း သိရသည်။ သူမ၏ လိင် ဆက်ဆံဖက်
၄၃ နှစ်အရွယ်အမျိုးသမီး မှာ မူ ၂၀၀၈ တွင် အိပ်ခ်ျအိုင်ဗွီဖြစ်နေကြောင်း
တွေ့ရှိခဲ့ရပြီး ၎င်း မှာ တစ်ဦးထဲသော လိင် ဆက်ဆံဖက်ဖြစ်ကြောင်းဆိုသည်။
ထို့ပြင် ၎င်း အမျိုး သမီး သည် အခြား အိပ်ခ်ျအိုင်ဗွီ ကူးစက် နိုင်သည့်
နည်းလမ်း များဖြစ်သော မူးယစ် ဆေး အကြောထဲ ထိုး သွင်းခြင်း၊
ခန္ဓာကိုယ်အစားထိုး ခွဲစိတ်ကုသ ခြင်းနှင့် ဆေးမှင်ကြောင်ထိုးခြင်း၊ လိင်ဆက်
ဆံဖက်ပေါင်းများစွာဖြင့် အကာအကွယ် မပါဘဲ ဆက်ဆံခြင်းစသော အချက်များကို လည်း
လုပ်ဆောင်ခြင်း မရှိ ကြောင်း ဆိုသည်။ထို့ကြောင့် ကူးစက်ရောဂါထိန်းချုပ်ရေး
ဌာနက ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာတွင် ပိုး ကူးစက် ခံရ သည့် ထိုအမျိုးသမီးသည်
၎င်း ၏ လိင်ဆက်ဆံဖက်နှင့် မျိုးဗီဇ ဖွဲ့စည်းပုံ ၉၈ ရာခိုင်နှုန်း နီးပါး
တူညီနေ သော ကြောင့် လိင်တူ ချင်းဖြစ်သော်လည်း ကူးစက်ခံရခြင်းဖြစ်နိုင်
ကြောင်းဆိုသည်။
အဆိုပါလိင်တူစုံတွဲကို ပညာရှင်များက ၂၀၁၂ တွင် စတင်တွေ့ ရှိမိပြီး နောက်
လေ့လာ ခဲ့ကြခြင်း ဖြစ် သည်။ ထိုစုံတွဲက ၎င်း တို့သည် လုံခြုံစိတ်ချစွာ
လိင်ဆက်ဆံနည်းများ အကြောင်း ကို လေ့လာမှုများမ ရှိခဲ့ သ လို ပုံမှန်လည်း
အကာအကွယ် အတားအဆီး နည်းလမ်းများ မသုံးဘဲ ဆက်ဆံလေ့ရှိကြောင်း ၀န်ခံထား သည်။
ကူးစက်ရောဂါဌာန၏ အစီရင်ခံစာတွင် ဖိလစ်ပိုင်တွင်လည်း အမျိုးသမီး တစ်ဦးမှာ
လိင်တူချင်းသာ ဆက်ဆံနေ ထိုင် လေ့ရှိပြီး မည်သည့်မူးယစ်ဆေးထိုးသွင်းမှုမှ
မလုပ်ခဲ့ သော်လည်း အိပ်ခ်ျအိုင်ဗွီဖြစ်နေသည်ကို တွေ့ ခဲ့ရဖူး ကြောင်း
ဆိုသည်။
Source: AFP
Messenger News Journal
No comments:
Post a Comment