13 March 2014

ခံစားချက်ကို အလုပ်နဲ့ အဆုံးသတ်ပါ

ခြေတစ်လှမ်းနဲ့ စတဲ့ ဘ၀အတွက် နောက်ထက် ခြေလှမ်းတွေ အကြိမ်ကြိမ် လှမ်းနေခြင်းဖြင့် ခရီးဆက်လိုက်ပါ။ ခြေတစ်လှမ်းစဖို့  ငယ်ငယ်
က အခက်တွေ့ ခဲ့သလို ဘ၀ကို စပြီဆိုတာနဲ့ အခက်ခဲဆိုတာလည်း ရှိမှာပဲ။

လမ်းမလျှောက်ရဲတဲ့ သူအတွက် ဘယ်တော့မှ လမ်းလျှောက်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ အခက်ခဲကို ကြောက်ပြီး မဖြေရှင်းရဲသူအတွက်
အောင်မြင်မှုဆိုတာ ရလာလိမ့်မည် မဟုတ်ပေ။ လမ်းကောင်းဆိုတာ မူလအစမှာ လမ်းဆိုးဖြစ်ခဲ့တာချည်းပါ။

ရည်မှန်းချက်အတွက် အလုပ်တွေနဲ့ တည်ဆောက်ထားတဲ့ ဘ၀သာလျှင် ကျေနပ်ဖွယ်ရတာမျိုးပါ။ ခံစားချက်တွေနဲ့  တည်ဆောက်ထားတဲ့
ဘ၀ကျတော့ ခံစားနေရတာနဲ့  ပင်ပန်းတယ်။



ပျော်ရွှင်နေရင်လည်း ပျော်ရွှင်စွာနဲ့ အလုပ်ကို လုပ်ပါ။ ၀မ်းနည်းနေပြီဆိုရင်လည်း မေ့ဖျောက်တဲ့သဘောနဲ့ အလုပ်ကို လုပ်ပါ။ ခံစားချက်တိုင်း
ကို အလုပ် လုပ်ခြင်းဖြင့် တန်ဆာဆင်ပါ။

ဒါမှ ကြံ့ခိုင်တဲ့ ဘ၀ကို ကိုယ်က ပိုင်ဆိုင်နိုင်မှာပေါ့။ လူတစ်ယောက်ရဲ့ ဂုဏ်ကို အလုပ်နဲ့ တည်ဆောက်ထားတဲ့ ဘ၀ကသာလျှင် ပုံဖော်ပေးပါ
တယ်။ ကိုယ်ရထားတဲ့ ဘ၀က ဂုဏ်ရှိပါစေ။

True Man

Myanmaalinn

No comments:

Post a Comment