13 March 2014

ပေါ့ပ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အားပေးမှုကို ရယူဦးမယ့် ဆန်းသစ်လ

၂၀၁၀ခုနှစ်ရဲ့ အကယ်ဒမီ ဗန်းကိုင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီးနောက်ပိုင်းမှာ ပရိသတ်တွေရဲ့ အသိအမှတ်ပြု၊ အားပေးခြင်းခံခဲ့ရတဲ့ မော်ဒယ်လ်ဆန်းသစ်လကို လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း မေးဖြစ်ခဲ့တဲ့အခါ ‘ညီမ လတ်တလောမှာတော့ ပြီးခဲ့တဲ့ သုံးပတ်လောက်က ပြင်သစ်က ဆရာတွေ ကိုယ်တိုင်သင်ကြားပေးတဲ့ ရုပ်ရှင်နဲ့ပတ်သက်ပြီး WorkShop သင်တန်းထပ်ပြီး တက်ခဲ့တယ်။  ပြီးတော့ သင်္ကြန်အတွက် သီချင်းဆိုဖို့ လုပ်နေတယ်။ ညီမ ဗီဒီယိုဇာတ်ကား ၅ကားလောက်ရိုက်ထားတာ ရှိပါတယ်။ နောက်ထပ် ဆက်ပြီး မရိုက်ဖြစ်တော့ဘူး။ ညီမ အခုသီချင်းဆိုတဲ့အပိုင်းကို လုပ်ဖြစ်နေတယ်။ မာစတာသင်္ကြန်အခွေမှာ သီချင်းတစ်ပုဒ် ဆိုထားတာရှိပါတယ်။ ပြီးတော့ Shwe FM မှာသီချင်းတစ်ပုဒ် ဆိုထားတာရှိပါတယ်။ မတ်လ၃၀ ရက်နေ့မှာလုပ်မဲ့ ယိုးဒယား၊ မြန်မာချစ်ကြည်ရေး ပွဲမှာမြန်မာအက ကဖို့ရှိပါတယ်။
အဲဒီ့အတွက် အကတိုက်နေပါတယ်။ ပြီးတော့ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ သင်္ကြန်ပြီးရင်တော့ ညီမရဲ့ တစ်ကိုယ်တော် အခွေအတွက်အားစိုက်ဖြစ်မှာပါ။ အခွေကို ဒီနှစ်အကုန်လောက်မှာပဲ လုပ်ဖြစ်သွားမယ်။ အခုလည်း တေးရေးဆရာတွေနဲ့ သီချင်းအပ်ထားပါတယ်။ ညီမဆိုဖြစ်ရင် ပေါ့ပ်သီချင်းအေးအေးလေးတွေ ပဲဆိုဖြစ်မှာပါ။’လို့ သူမက ပြောပါတယ်။

 စန္ဒီ/Trend Myanmar

No comments:

Post a Comment