14 March 2014

မူယာမာယာမိုး သီချင်း ကို ဖခင်ဖြစ်သူ မင်းမင်းလတ် နဲ့အတူ သီဆို ထားတဲ့ အနဂ္ဂ

သားသားနားနား သုံး ရာသီ အမှတ် (၂) အခွေထဲ မှာ အနဂ္ဂ၊ သံသာဝင်း တို့က သီချင်း တစ်ပုဒ် သီဆို ထားပါတယ်။ ဒီသီချင်းက အဆိုတော်ကြီး မင်းမင်း လတ်ရဲ့ “မူယာမာယာမိုး” သီချင်းကို ပြန်လည် သီဆို ထားခြင်း ပဲဖြစ်ပြီး ဖခင် ဖြစ်သူ  မင်းမင်းလတ် ရဲ့ အသံကိုလည်း ထည့်ထား ကြောင်း အနဂ္ဂက ပြောပါ တယ်။
 ”ကျွန်တော်က ရက်ပ်၊ သံသာဝင်းက Main Melody ဆိုတယ်။ ပြီးရင် ကျွန်တော့် အဖေက Main Melody ဆိုတယ်။ ဒီသီချင်းလေးကို အားလုံး နားထောင် စေ ချင်တယ်။ ဒီသီချင်းလေး က ဘာကို ရည်ရွယ်ပြီး ဆိုတယ် ဆိုတာကိုတော့ ကျွန်တော် မပြောပြဘူး။ ကျွန် တော့်ဘဝ မှာ မပါမဖြစ် အရေးအကြီးဆုံး အကြောင်း အရာကို ဆို ထားတာပါ။ အဖေ့သီချင်းတွေကို ပြန်မဆို ဘူးလားလို့ မေးတဲ့သူတွေ တော်တော်များများ ရှိပါတယ်။ ကျွန်တော် ဆိုချင်ပါတယ်။ ကျွန်တော့် အနေနဲ့ ကြိုးစား ပြီး တော့လည်း လုပ်ဆောင် သွားဖို့ စီစဉ်နေပါတယ်။ အဲဒါ ကိုလုပ်ဖြစ်ရင်တော့ သေချာ အတိအကျ ပြောပြပါ့မယ်။ ကျွန်တော့် အဖေရဲ့ ပရိသတ်တွေ ရှိပါသေးတယ်။
ဒီ မူယာမာယာမိုး သီချင်း ကို ကျွန်တော်က ရက်ပ် နဲ့ ဘယ် လိုဆိုထားတယ် ဆိုတာ နားထောင် ကြည့်ပေးကြပါဦး” လို့ ဖခင် ဖြစ်သူရဲ့သီချင်းကို မိသားစု စုံညီစွာ အမှတ် တရ အနေ နဲ့ပြန်လည် သီဆို ခြင်းဖြစ်ကြောင်း ကို အနဂ္ဂက ပြောပါတယ်။
 ဖခင်ဖြစ်သူ ဦးမင်းမင်းလတ် ရဲ့ သီချင်း တွေကို သားဖြစ်သူ အနေနဲ့ ဘာကြောင့် ပြန်လည် သီဆိုခြင်း မပြုတာလဲ ဆိုတဲ့ ပရိသတ်တွေရဲ့ မေးခွန်း တွေနဲ့ ပတ် သက်ပြီး လည်း အနဂ္ဂကို ဆက်မေးတော့…
“ကျွန်တော့် အဖေ ရဲ့ သီချင်းတွေကို တအားတန်ဖိုး ထားပါတယ်။ ကျွန်တော့် အဖေရဲ့ သီချင်းတွေကို ပြန်ဆိုပြီး ဂီတ လောကထဲ ကိုဝင်လာရင် အလျင် အမြန်ရောက် လာနိုင်တဲ့ အနေ အထား ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ အစကတည်း က ဟစ်ဟော့ပ် ကိုပဲရွေးပြီး အသစ်ကို လုပ်ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ အဖေ တို့ ခေတ် မှာ အဖေက အသစ် ကိုလုပ်ခဲ့ တယ်။ ဒါကြောင့် ကျွန်တော် တို့ ခေတ်မှာလည်း ကျွန်တော်တို့ အသစ်ကို လုပ်ချင်ခဲ့တယ်။ အဖေ စကားပြောတဲ့ ပုံစံနဲ့ ကျွန်တော် စကားပြောတဲ့ ပုံစံက ဆင်တယ်။ သီချင်းဆိုတဲ့ ပုံစံလည်း ဆင်တယ်။ ကျွန်တော် ဆိုပြချင်တာပေါ့။ အဓိက ကတော့ ကျွန်တော့် ရဲ့အမေကို ဆိုပြချင်တယ်။ တကယ်လို့ ကျွန်တော် လုပ်ဖြစ်ခဲ့ရင် လည်း ဒီအခွေက အမေ့ အတွက် ရည်ရွယ်ပြီးလုပ်ဖြစ် တဲ့အခွေ ပဲဖြစ်မှာပါ။ ကျွန်တော် သီချင်း ဆိုတဲ့အချိန်မှာ အဖေ မရှိတော့ ပါဘူး။ ကျွန်တော် နာမည်ရလာ ခဲ့တာက လည်း အဖေရဲ့ နာမည် ကြောင့်ပါ။ အဖေ့ရဲ့သီချင်း မဆိုခဲ့တာ အပြစ် ကြီးတစ်ခု လုပ်ခဲ့တာမျိုးတော့ ကျွန်တော် မမြင်မိဘူး။ ကျွန် တော်လည်း ကျွန်တော့် ကိုယ်ကျွန် တော် ရပ်တည်ချင်တဲ့ စိတ်ကြောင့် လုပ်ခဲ့တာပါ” လို့ ပြောပြပါတယ်။ အနဂ္ဂက သူ့အနေနဲ့ ဖခင် ရဲ့သီ ချင်းကို ပြန်လည် သီဆို တာ မူယာမာယာ မိုးသီချင်း နဲ့ဆို ရင်နှစ်ပုဒ် ရှိပြီ ဖြစ်ပြီးပထမတစ် ပုဒ်ကတော့ အ ပေါ်ထပ် နဲ့ အောက် ထပ်ဇာတ်လမ်း ဖြစ်ကြောင်းပြော ပြပါတယ်။

လင်းအက္ခရာ/popularmyanmar

No comments:

Post a Comment