အဖွဲ့အစည်းတခုကို အမည်ခံပြီး မူယစ်ဆေးဝါးနဲ့ လက်နက်သယ်ဆောင်သူ ၂ ဦးကို
ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ မတ်လ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အမည်ခံပြီး လက်နက်နဲ့ မူးယစ်ဆေးဝါး သယ်
ဆောင်သူ နှစ်ဦးကို ဘားအံမြို့နယ် သံလွင်တံတားမှာ မတ်လ ၁၇ ရက်နေ့က
ဖမ်းဆီးရမိခဲ့တာပါ။
ပူးပေါင်းစစ်ဆေးရေးအဖွဲ့ကနေပြီး ဖြတ်သန်းသွားလာတဲ့ ကားတွေကို
ရှာဖွေစစ်ဆေးရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာလို့ ဘားအံမြို့နယ် ရဲတပ်ဖွဲ့ရုံး
တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။
“ပြောရရင်တော့ ဘယ်အဖွဲ့ကမှမဟုတ်ဘူး ယောင်ဝါးတွေပေါ့။ သာမန်အရပ်သားတွေပါ။
မူးယစ်ဆေးဝါးကတော့ စိတ်ကြွဆေးအပြား ၅၀ နဲ့ လက်နက်မျိုးစုံ ၄ လက်
အသေးတလက်နဲ့ အကြီး ၃ လက်ပေါ့။ သယ်တာကတော့ စောဇင်ဘိုနဲ့ စောလာဒင်(ခေါ်)
စောမျိုးအောင်။”
ဖမ်းဆီးရမိတဲ့ စောဇင်ဘိုနဲ့ စောလာဒင် (ခေါ်) စောမျိုးအောင်ကို
လက်နက်ဥပဒေပုဒ်မ ၁၉ (က) နဲ့ မူးယစ်ဆေးဝါပုဒ်မတွေနဲ့ အမူဖွင့်ထားတယ်လို့
အဲဒီရဲ့အရာရှိကပဲ ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ စောလာဒင်(ခေါ်)စောမျိုးအောင်ဟာ လက်ရှိ KNU/KNLA
ငြိမ်းချမ်းရေးကောင်စီခေါင်းဆောင် ဗိုလ်ချုပ် စောထိန်မောင်ရဲ့ သမီး
နော်ကပေါ်ထူးရဲ့ စီးပွားရေးတာဝန်ခံသာဖြစ်ပြီး အဖွဲ့တခုလုံးနဲ့
ပတ်သက်မှုမရှိဘူးလို့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဒေါက်တာ တီမိုသီက
ပြောပါတယ်။
“သူက ကပေါ်ထူးကူမ္ပဏီရဲ့ စီးပွားရေးတာဝန်ခံ၊ နာမည်က ဘင်လာဒင် သူက ဆရာမ
ကပေါ်ထူးရဲ့လူပါ။ ဒါပေမယ့် ငြိမ်းချမ်းရေးကောင်စီတခုလုံးနဲ့ ပတ်သက်တယ်လို့
ပြောလို့ ဘယ်ရာမလဲ။ သူကုမ္ပဏီနဲ့ပဲ ပတ်သက်တယ်။ အဲဒီကုမ္ကဏီက
ငြိမ်းချမ်းရေကောင်စီအတွက် ဘာမှ အကျိုးမရှိတာ။ သူတို့ဟာသူတို့ပဲ
လုပ်စားကြတာ။ သူတို့က ကုန်သွယ်ရေးလုပ်တာပေါ။”
DVB Burmese
No comments:
Post a Comment