တိုက်ကြီးမြို့နယ်တွင် ခြံမြေကိစ္စအငြင်းပွားမှုကို
ဝင်ရောက်ဖြေရှင်းပေးသည့်ရာအိမ်မှူးတစ်ဦး မတ်လ ၁၉ ရက်က ဓားထိုးခံရသဖြင့်
သေဆုံးသွားသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စဥ့်ကူးကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးအေးကို (၄၃)နှစ်သည် တစ်ရွာတည်းနေ
လယ်လုပ်ကိုင်သူများဖြစ် သည့် အေးသွင် (၄၃)နှစ်၊
ဘိုဘို(ခ)သိန်းစိုးဝင်း(၃၅)နှစ်တို့ နှင့်အတူ ခြံမြေကိစ္စ ရှင်းလင်းကြရာမှ
စကား များရန်ဖြစ်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် ဦးအေးကိုက ဆဲဆိုသည်ကို မကျေနပ်သဖြင့် ဘိုဘို(ခ)သိန်းစိုးဝင်းက
အသင့်ပါလာသည့် ဓားဦး ချွန်ဖြင့် ထိုးရာယာဘက်လက်ပြင်အောက်
ထိုးသွင်းဒဏ်ရာတစ်ချက်၊ ၀ဲလက်မောင်း ပြတ်ရှဒဏ်ရာ တစ် ချက်တို့
ရရှိကာသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက တွေ့ရှိထားသည်။
ထို့ကြောင့် ဘိုဘို(ခ)သိန်းစိုးဝင်းနှင့် အေးသွင်တို့အား အရေးယူပေးရန်
သေဆုံးသူ၏ အစ်ကို ဦးမောင် မောင်လွင်က အမှုဖွင့် တိုင်တန်းလိုက်ခြင်း
ဖြစ်သည်။
“ရာအိမ်မှူးဆိုတော့ မြေယာအငြင်းပွားတာကို ကြားဝင်ပြီးဖြေရှင်းပေးတာ။
အဲဒီမှာ ရာအိမ်မှူးက ဟိုလိုမ ဖြစ်သင့်ဘူး၊ ဒီလို မဖြစ်သင့်ဘူးဆိုပြီး
ဆဲမိလို့ မကျေမနပ်ဖြစ်ပြီး ရွာလယ်လမ်းမှာပဲ ဓားနဲ့အထိုးခံလိုက်ရ တာလို့
ကနဦးအရ သိထားပါတယ်”ဟု အမှုစစ်ဖြစ်သူ စခန်းမှူး ရဲအုပ်သန်းဦးက ပြောသည်။
အဆိုပါ လူသတ်မှုကို တိုက်ကြီးရဲစခန်းက (ပ)၉၃/၂၀၁၄ ဖြင့် အမှုဖွင့်ပြီးတိုင်တန်းခံရသူများကို ဖမ်းဆီးစစ် ဆေးရန် ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင်လည်း ပြစ်မှုကျူးလွန်သူ နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့်
စုံစမ်းရှာဖွေနေရသည်ဟု ရဲအုပ်သန်းဦးက ပြောသည်။ ထို့ပြင်
ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၃၀၂/၁၁၄ တို့ ဖြင့်
တရားစွဲတင် အရေးယူသွားမည်ဟုရဲ တပ်ဖွဲ့က ဆိုသည်။
Mizzima Burmese
No comments:
Post a Comment